Apple ရဲ့ မျိုးဆက်သစ် iPhone 12 စီးရီးကို မိတ်ဆက်ဖို့ သတ်မှတ်ထားတဲ့အချိန်မှ တစ်လနှစ်လလောက် နောက်ဆုတ်လိုက်ရကြောင်း သတင်းထွက်ခဲ့ပေမယ့် Apple ကုမ္ပဏီကိုယ်တိုင်ကတော့ ၂၀၂၀ အိုင်ဖုန်း အတွက် တစ်ခွန်းမှ မဟသေးပါဘူး။

ဒါပေမယ့် ယနေ့ထွက်လာတဲ့ သတင်းအရတော့ Apple ပရိသတ်တွေအတွက် အကြာကြီးစောင့်မျှော်ရတော့မှာ မဟုတ်ဘဲ အခုလကုန်မှာ iPhone 12 စီးရီးအတွက် စမ်းသပ်အတည်ပြုမှု Engineering Validation and Testing (EVT) အဆင့် အပြီးသတ်မှာဖြစ်လို့ ဇူလိုင်လထဲမှာ iPhone 12 မော်ဒယ်အားလုံးကို ဈေးကွက်ထဲ တင်ပို့ရန် ထုတ်လုပ်မယ့်အဆင့် စတင်တော့မယ်လို့ ဆိုပါတယ်။

Apple ဟာ iPhone 12 စီးရီးအတွက် အဖွဲ့ဝင်လေးမျိုး ဖန်တီးထားတယ်လို့ သတင်းရရှိပြီး မော်ဒယ်လေးမျိုးလုံးကို ဇူလိုင်လမှာ စတင်ထုတ်လုပ်မှာပါ။ ဒါပေမယ့် မိတ်ဆက်ပွဲတစ်ခုတည်းမှာ လေးမျိုးလုံးကို တွေ့ရဖို့တော့ အာမခံချက် မရှိပါဘူး။ Higher-end မော်ဒယ်တွေမှာ mmWave 5G နည်းပညာပါဝင်မှာဖြစ်ပြီး Antenna ဒီဇိုင်းအပြောင်းအလဲရှိလို့ ပိုနောက်ကျနိုင်တယ်လို့လည်း ကြားထားရလို့ပါ။

iPhone 12 မော်ဒယ်အားလုံးကတော့ mmWave 5G စနစ် ပါလာမှာမဟုတ်ပါဘူး။ ဈေးပိုချိုတဲ့ အိုင်ဖုန်းအသစ်တွေက Sub-6GHz 5G ပဲ အသုံးပြုရမှာပါ။ iPhone 12 အတွက် Leak ဖြစ်ပြီးသား Specs တွေကိုတော့ ပုံထဲမှာဖော်ပြထားပါတယ်။

Ref – GSMArena