Apple ရဲ့ iPhone 12 Series စမတ်ဖုန်းတွေဟာ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series မှာ 5G Support ပြုလုပ်မှာဖြစ်တဲ့အပြင် Design ပိုင်းမှာလည်း ပြောင်းလဲလာမယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက Apple ကနေ iPhone 12 Series ဖုန်းတွေကိုလာမယ့် နိုဝင်ဘာလကုန်ပိုင်းမှ မိတ်ဆက်နိုင်မယ်ဆိုပြီး သတင်းတွေထွက်ရှိနေပေမယ့် အခုအချိန်မှာ မတူညီတဲ့သတင်းတစ်ခုထပ်မံထွက်ပေါ်လာပါပြီ။ အဆိုပါ သတင်းအရတော့ Apple ကနေ လာမယ့်စက်တင်ဘာလ ၈ ရက်နေ့မှာ iPhone 12 Series အပြင် တခြားသော Apple Product တွေကို မိတ်ဆက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

Apple ကနေ လာမယ့်စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Product တွေအနေနဲ့ကတော့ iPhone 12 Series အပြင် iPad ၊ Apple Watch နဲ့ Apple ကနေဆက်လက်ထုတ်လုပ်သွားမှာမဟုတ်တော့ဘူးလို့ ကြေညာခဲ့တဲ့ AirPower Charging Station တွေပါဝင်မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒါက မိတ်ဆက်မယ့်အချိန်ပဲဖြစ်တဲ့အတွက် တရားဝင်ရောင်းချသွားမယ့်အချိန်အနေနဲ့ကတော့ iPhone 12 Series ဖုန်းတွေဟာ ယခင်တုန်းကထက် နောက်ကျလာနိုင်ပါတယ်။ ယခုနှစ်မှာ $649 ကနေစတင်မယ့် iPhone 12 ၊ iPhone 12 Max ဖုန်းတွေအပြင် iPhone 12 Pro ၊ iPhone 12 Pro Max ဆိုပြီး ၄ မျိုး မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ကနေ လာမယ့်အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ကိုယ်ပိုင် Apple Silicon Processor တွေကိုအသုံးပြုလာမယ့် MacBook နဲ့ MacBook Pro 13″ တွေကိုပါ မိတ်ဆက်သွားမယ့် Event တစ်ခုကို ပြုလုပ်သွားဦးမှာပါ။ အဆိုပါ Event မှာ iPad Pro အပြင် Apple Glass ကိုပါ မြင်တွေ့ရလာနိုင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုသတင်းသာမှန်ကန်မယ်ဆိုရင် Apple iPhone 12 Series ဖုန်းတွေကို ပုံမှန်အတိုင်းပဲ စက်တင်ဘာလမှာ မြင်တွေ့ရတော့မှာပါ။

Ref – Phone Arena