Apple ဟာ ဒီနှစ်ကုန်ပိုင်းမှာ iPhone 12 Series ဖုန်းတွေကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။ ဒါကလည်း ပုံမှန် နှစ်စဥ်စက်တင်ဘာလမှာ မိတ်ဆက်နေကျဖြစ်ပေမယ့် COVID-19 ဗိုင်းရပ်စ်အခြေအနေကြောင့် နှစ်ကုန်ပိုင်းဖြစ်တဲ့ နိုဝင်ဘာလကုန်ပိုင်းအထိ နောက်ဆုတ်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

Apple iPhone 12 Series ဖုန်းတွေဟာ လက်ရှိအချိန်မှာ သတင်းတွေအများအပြားထွက်ရှိထားပြီးတော့ 5G Support ၊ ပိုမိုသေးငယ်တဲ့ Notch နဲ့ LiDAR Camera တွေပါဝင်လာဖို့က ကျိန်းသေနေပြီဖြစ်ပါတယ်။ အခုလည်း iPhone 12 Series ဖုန်းတွေရဲ့ Video Recording ပိုင်းနဲ့သက်ဆိုင်တဲ့သတင်းတစ်ခုက ပေါက်ကြားလာခဲ့ပြန်ပါပြီ။

ဒါကတော့ iPhone 12 Series ဖုန်းတွေဟာ လက်ရှိအမြင့်ဆုံးရိုက်ကူးနိုင်တဲ့ 4K 60fps ထက်ကျော်လွန်ပြီး 4K 240fps နှုန်းနဲ့ Video တွေကိုရိုက်ကူးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ 4K 120fps Option လည်းပါဝင်ဦးမယ်လို့ သိရပါတယ်။

ဒီလိုမျိုး 4K Resolution နဲ့ 240fps အထိရိုက်ကူးနိုင်တယ်ဆိုတာက လက်ရှိ Slow-motion Video တွေမှာ ကြုံတွေ့ရတဲ့ Resolution နိမ့်သွားတာကို ဖြေရှင်းနိုင်မှာဖြစ်သလို 4K 120fps Option ကလည်း ပုံမှန် အလျှင်အမြန်သွားလာနေတဲ့ Object တွေကို အကောင်းဆုံးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါက လက်ရှိ iPhone 11 Series တွေရဲ့ အမြင့်ဆုံး 1080p Resolution နဲ့ယှဥ်ရင် သိသိသာသာကို ကောင်းမွန်လာမှာပါ။

ဘာပဲဖြစ်ဖြစ် iPhone တွေအကုန်လုံးက တခြားသော Android ဖုန်းတွေထက် Photo ပိုင်းမသာဘူးဆိုရင်တောင် Video ပိုင်းမှာတော့ အကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အဲ့ဒါကိုမှ အခုလိုမျိုး Feature တွေထည့်သွင်းလာမယ်ဆိုရင် Video Recording ပိုင်းမှာတော့ iPhone 12 Series ဖုန်းတွေက စံတစ်ခုဖြစ်လာနိုင်ဖို့များနေပါတယ်။

Ref – GSM Arena