Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 12 Series စမတ်ဖုန်းတွေထဲမှာ အခုဆိုရင် iPhone 12 နဲ့ 12 Pro ဖုန်းတွေကို အရင်ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series အသစ်တွေဟာ Apple အတွက် ပထမဆုံးအနေနဲ့ 5G ကို Support ပြုလုပ်နိုင်တဲ့ စမတ်ဖုန်းတွေလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း iPhone 12 Series စမတ်ဖုန်းတွေမှာ 5G နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုရှိနေတယ်လို့ သိရပါတယ်။ ဒါကတော့ iPhone 12 Series တွေကို Dual SIM အသုံးပြုတဲ့အချိန်မှာ 5G Network ကို ဘယ် SIM Card မှာမှအသုံးပြုနိုင်မှာမဟုတ်ပါဘူး။

Apple ဟာ iPhone XS နဲ့အတူ Dual SIM Mode ကို စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး နိုင်ငံအများအပြားမှာ Physical SIM + eSIM အနေနဲ့ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တချို့သော Region တွေမှာဆိုရင် Physical Dual SIM ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ Dual SIM အသုံးပြုနေပြီး 5G ကိုလည်း အသုံးပြုချင်တယ်ဆိုရင် SIM Card တစ်ခုကို Deactivate ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပြီး မဟုတ်ရင်တော့ 4G LTE အနေနဲ့ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါက လောလောဆယ်မှာပဲဖြစ်ပွားနေမှာဖြစ်ပြီး လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ Software Update နဲ့အတူ ဖြေရှင်းပေးသွားမယ်လို့လည်း သိရပါတယ်။

ဒါက တခြားသော Android 5G စမတ်ဖုန်းတွေမှာလိုမျိုး Dual SIM 5G အသုံးပြုနိုင်တာနဲ့ယှဥ်မယ်ဆိုရင် iPhone 12 Series ရဲ့ အားနည်းချက်ဖြစ်နေမှာပါ။

Ref – The Verge