Display ဌာနရဲ့ အဓိကအပြောင်းအလဲတွေနဲ့အတူ iPhone 12 နဲ့ iPhone 12 Pro တို့ဟာ ဒီနှစ်နောက်ပိုင်းမှာ အရေးကြီးတဲ့အဆင့်မြှင့်တင်မှုတွေကို ပြုလုပ်လာတယ်လို့ ယူဆရပါတယ်။ Display Supply China (DSCC) က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ iPhone 12 Pro 5G တွေရဲ့ OLED မျက်နှာပြင်အကြောင်း ပေါက်ကြားမှုဖြစ်လာရပါတယ်။

iPhone 12 Pro Max ဟာ 6.68-inch OLED မျက်နှာပြင်နဲ့ဖြစ်ပြီး 2778 x 1284p resolution နဲ့ ဖြစ်တယ်လို့ သိရပါတယ်။ အရင်မျိုးဆက် iPhone 11 Pro Max နဲ့နှိုင်းယှဉ်မယ်ဆိုရင် အဓိကခြားနားချက်က iPhone 12 Pro Max မှာ Y-OCTA နည်းပညာ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် Touchscreen circuitry တွေအတွက် သီးခြားအလွှာမလိုတော့ဘဲ OLED panel တွေမှာ တိုက်ရိုက်ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်က ပိုပြီးပါးလွှာသွားသလို ထုတ်လုပ်မှုကုန်ကျစရိတ်လည်း ပိုနည်းသွားမှာ ဖြစ်ပါတယ်။ ဒီ Display သစ်ကို “Super Retina XDR” အမှတ်တံဆိပ်အောက်မှာ ရောင်းချမှာဖြစ်ပြီး Apple ကလည်း ဒီအတွက် အားစိုက်ပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ 10-bit color depth ကို ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်ထားပါတယ်။ ဒါကြောင့် iPhone ရဲ့ မျက်နှာပြင်ဟာ အရောင်ပေါင်း ၁ ဘီလီယံကျော်ကို ပြသနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒီ Feature ကို ဒီနှစ်ထဲမှာ OnePlus 8 Pro နဲ့ OPPO Find X2 Pro တို့မှာ မြင်တွေ့ခဲ့ရပြီး ဖြစ်တဲ့အတွက် iPhone 12 Pro Max ကတော့ နောက်ကျတယ်လို့ ဆိုရမှာပါ။

iPhone 12 Pro မှာတော့ သေးငယ်တဲ့ 6.1-inch အရွယ် Samsung ရဲ့ ထုတ်ကုန် OLED မျက်နှာပြင်ပဲ အသုံးပြုထားမှာပါ။ 10-bit color depth ထောက်ပံ့ပြီး Pro Max မော်ဒယ်လို အမြင့်ဆုံးတောက်ပမှုကို ထောက်ပံ့မယ်လို့ မျှော်လင့်ထားပေမယ့် Y-OCTA နည်းပညာတော့ ပါဝင်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် Touch circuitry အတွက် သီးခြားအလွှာတစ်ခု ပါဝင်ဖွယ်ရှိပါတယ်။

iPhone 12 Pro ဟာ 120Hz refresh rate မျက်နှာပြင်နဲ့လို့ ကောလာဟလထွက်ထားတာကလည်း စိတ်ဝင်စားစရာပါ။ Galaxy Note 20+ နဲ့မတူတဲ့ LTPO နည်းပညာကို အသုံးပြုဖို့ အစီအစဉ်မရှိဘူးလို့ DSCC က ပြောထားတဲ့အတွက် ဘက်ထရီအားကုန်နှုန်းမြန်ဆန်မှုကို ကြုံတွေ့ရဖွယ်ရှိနေပါတယ်။

Ref: Phone Arena