Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iPhone 12 Series ဖုန်းတွေမှာ အရွယ်အစားသေးငယ်တဲ့ iPhone 12 Mini ကို စတင်ပြီးမိတ်ဆက်ခဲ့ပါတယ်။ ယခုနှစ်မှာ မိတ်ဆက်လိုက်တဲ့ iPhone 13 Series မှာလည်း iPhone 13 Mini ပါဝင်ပြီးတော့ မနှစ်တုန်းကထက် Camera ပိုင်းနဲ့ Battery ပိုင်းတွေမှာ ပိုကောင်းလာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးသိရတဲ့သတင်းတွေအရ iPhone 13 Mini ဟာ Apple အတွက် နောက်ဆုံးသော Mini iPhone ဖြစ်လာမှာဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Tipster တစ်ဦးဖြစ်တဲ့ Jon Prosser ကနေ iPhone 14 Series အကြောင်း ပြောကြားတဲ့အချိန်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Apple iPhone 14 Series ဟာ iPhone X ထဲက ပါဝင်ခဲ့တဲ့ Notch Design ကို ဖျောက်သွားမှာဖြစ်ပြီး Camera အတွက် Punch-hole Camera ကိုပဲ ပြောင်းလဲသုံးစွဲမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Screen-to-Body Ratio ပိုများလာတာကြောင့် iPhone 14 Mini ဆိုပြီး မိတ်ဆက်မှာမဟုတ်တော့တာဖြစ်မယ်လို့ ယူဆရပါတယ်။

အဲ့ဒီအစား iPhone 14 Series မှာ Apple ကနေ iPhone 14 ၊ iPhone 14 Max ၊ iPhone 14 Pro ၊ iPhone 14 Pro Max ဆိုပြီး ၄ မျိုး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် လာမယ့်နှစ်မှာ Size သေးတဲ့ iPhone ကို အသုံးပြုချင်တယ်ဆိုရင် အနည်းဆုံး iPhone 14 ကို ဝယ်ယူရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့ iPhone Mini ကို သဘောကျတယ်ဆိုရင်တော့ ယခုမိတ်ဆက်ထားတဲ့ iPhone 13 Mini ကို ကျိန်းသေဝယ်ယူထားတာက အကောင်းဆုံးဖြစ်မှာပါ။

Ref – Gizmo China