Apple ဟာ ပြီးခဲ့တဲ့ ၁ ပတ်ကပဲ စမတ်ဖုန်းနဲ့ တက်ဘလက် အသစ်တွေကို ကြေညာခဲ့ပြီး ထုံးစံအတိုင်း ကြိုတင်မှာယူမှု အရမ်းများခဲ့ပါတယ်။ မကောင်းတဲ့ သတင်းက iPhone 13 မော်ဒယ် တချို့ကို ပို့ဆောင်ပေးမယ့် အချိန်ဟာ အောက်တိုဘာလ နှောင်းပိုင်းအထိ နောက်ဆုတ်သွားတာပါ။

Apple iPhone 13 Pro and iPhone 13 Pro Max Review: Top-Tier Phones | WIRED

iPhone 13 Pro ကို ကြိုတင်မှာယူထားသူတွေကို အစောဆုံး အနေနဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကျမှ ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ iPad mini ကို ကြိုတင်မှာယူထားသူတွေက ဒီထက်ပိုတောင် ဆိုးမှာ ဖြစ်ပြီး တချို့တွေအတွက် နိုဝင်ဘာလ ၅ ရက်နေ့ကျမှ လက်ဝယ်ရောက်ရှိမှာ ဖြစ်ပါတယ်။

iPhone 13 Pro shipments move to late October, iPad mini will arrive even later

iPhone 13 Pro နဲ့ iPhone 13 Pro Max ၂ လုံးစလုံးရဲ့ ဘယ်လို အရောင်၊ ဘယ်လို Memory Option နဲ့ ဘယ်လို Carrier Service မျိုးကိုပဲ ရွေးရွေး ပို့ဆောင်တဲ့ အချိန် နောက်ကျမှာ ဖြစ်ပါတယ်။ iPhone 13 mini နဲ့ iPhone 13 တို့ကို အောက်တိုဘာလ ၁၁ ရက်နဲ့ ၁၃ ရက်နေ့အတွင်း ပို့ဆောင်ပေးမှာကတော့ လက်ခံနိုင်စရာ ကောင်းပါတယ်။ ကြေညာအပြီး ၃ ပတ်အတွင်း ပို့ဆောင်ပေးတာလို့ ပြောနိုင်ပါတယ်။ iPhone 12 တွေကို ပို့ဆောင်ပေးတဲ့ အချိန်က ဒီထက် စောပါသေးတယ်။

အမေရိကန်မှာတော့ အခြေအနေက ဒီလောက် မဆိုးပါဘူး။ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့လို နိုင်ငံကြီးတွေမှာ iPhone 13 Pro ကို အောက်တိုဘာလ ၂၂ ရက်နေ့ထက်စောကာ ပို့ဆောင်ပေးမှာ မဟုတ်ပါဘူး။

Ref : gsmarena