Apple ရဲ့ iPhone 13 Series ဖုန်းတွေဟာ အခုအချိန်မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အစောပိုင်းမှာလည်း Pre-order ကောက်ခံမှုတွေအရ iPhone 13 Series ဟာ ရောင်းအားကောင်းနေခဲ့တာဖြစ်ပါတယ်။

iPhone 13 Series ဟာ အဓိကအနေနဲ့ Display ၊ Camera ပိုင်းအပြင် Battery ပိုင်းကိုပါ အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလည်း Chinese Tech Blogger တစ်ဦးဖြစ်တဲ့ WekiHome ကနေ iPhone 13 Pro ကို Teardown ပြုလုပ်ခဲ့ပြီး အတွင်းထဲမှာ ထည့်သွင်းထားတဲ့အစိတ်အပိုင်းတွေကို ဖော်ပြခဲ့ပါတယ်။

အဆိုပါ Teardown Video အရ Apple iPhone 13 Pro ဟာ Battery အနေနဲ့ 3095mAh ကိုထည့်သွင်းပေးထားဖြစ်ပါတယ်။ ဒါက တခြားသော Android ဖုန်းတွေနဲ့ ယှဥ်ရင် နည်းပါးသေးတယ်ဆိုပေမယ့် iPhone 12 Pro ရဲ့ 2815mAh Battery နဲ့ ယှဥ်မယ်ဆိုရင် ပိုပြီး Capacity ပိုများနေမှာဖြစ်ပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ iPhone 13 Pro ဟာ iPhone 12 Pro ထက် အသုံးပြုချိန် ၁.၅ နာရီပိုကြာရှည်ခံမှာဖြစ်ပြီး 120Hz ProMotion Display ကိုပါ Support ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် iPhone 13 Pro မှာအသုံးပြုထားတဲ့ A15 Bionic Chip ဟာ ပိုပြီး ပါဝါစားသုံးမှုနည်းပါးလာတယ်လို့ ယူဆရပါတယ်။

iPhone 13 Pro ရဲ့ Battery ကို Sunwoda Electronic Co. ကုမ္ပဏီကနေ ထုတ်ပေးထားတာဖြစ်ပြီး L-shaped Design ပြုလုပ်ထားပါတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေအနေနဲ့ကတော့ 120Hz OLED Display နဲ့ RAM ကို Samsung ကနေ ထုတ်ပေးထားတာဖြစ်ပြီး Japan ကုမ္ပဏီဖြစ်တဲ့ Kioxia ကနေ Flash Memory ကို ထုတ်ပေးထားတာဖြစ်ပါတယ်။ Qualcomm X60 5G Modem အပြင် ပိုပြီးသေးငယ်တဲ့ Taptic Engine ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Ref – GSM Arena