၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ကြေညာမယ့် iPhone 14 Series အတွက် ၆.၁ လက်မ iPhone 14 ၊ ၆.၁ လက်မ iPhone 14 Pro ၊ ၆.၇ လက်မ iPhone 14 Max နဲ့ ၆.၇ လက်မ iPhone 14 Pro Max တို့ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ iDrop News က iPhone 14 Pro နဲ့ Pro Max မှာ USB-C Port ပါလာနိုင်တယ်လို့ သတင်းပေးလာပါတယ်။

iPhone 14 Pro concept renders by Waqar Khan

Apple ဟာ USB 2.0 Speed ပံ့ပိုးပေးတဲ့ Lightning Port ကို ၂၀၂၁ ခုနှစ်ကတည်းက ထည့်သွင်းပေးထားတာပါ။ အခုတော့ Apple ဟာ iPhone 14 Pro နဲ့ Pro Max မှာ USB-C Port နဲ့ အဆင့်မြှင့်ပေးတော့မယ်လို့ ထင်ပါတယ်။

Rumor: iPhone 14 and iPhone 14 Pro to support the faster WiFi 6E standard -  NotebookCheck.net News

iPhone 13 Pro နဲ့ 13 Pro Max ရဲ့ ProRes ဟာ Storage ကို အရမ်း စားသုံးပါတယ်။ အဲဒီ ဖုန်းတွေက ProRes ဗီဒီယိုတွေကို PC ထဲ ကူးတဲ့အခါမှာ USB 2.0 ရဲ့ ဒေတာ ကူးတဲ့ အမြန်နှုန်း နှေးတဲ့အတွက် အချိန်အများကြီး ကုန်ပါတယ်။ ဥပမာပြောရရင် 720GB အရွယ်အစားရှိတဲ့ 4K ဗီဒီယိုကို ကူးတဲ့အခါ ၃ နာရီနဲ့ ၄၅ မိနစ်လောက် ကြာပါတယ်။ အဲဒီဖိုင်ကို iPad Pro 2021 က USB-C နဲ့ ကူးတဲ့အခါ ၃ မိနစ်ပဲ ကြာတာတွေ့ရပါတယ်။

Apple ဟာ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် iPhone တွေမှာ Charger တွေ မထည့်ပေးတော့ပါဘူး။ ကုမ္ပဏီက iPhone အဟောင်း သို့မဟုတ် တခြား Device တွေက Charger တွေကို အသုံးပြုဖို့ အကြံပေးထားပါတယ်။ ကာဘွန် ထုတ်လုပ်မှု လျှော့ချဖို့အတွက် ဒီလို ပြုလုပ်ပေးထားတာပါ။ iPhone 14 Pro နဲ့ Pro Max မှာ USB-C Port တပ်ဆင်ပေးမယ်ဆိုရင်တော့ တခြား Device တွေရဲ့ Charger တွေနဲ့ iPhone ကို အားသွင်းနိုင်တော့မှာပါ။

Ref : gizmochina