iPhone လည်ပတ်မှုစနစ်ရဲ့ နောက်ထပ်အကြီးစားဗားရှင်းဖြစ်တဲ့ iOS 16 ဟာ ပြန်လည်ပြင်ဆင်မွမ်းမံထားပြီး Customizable lock screen ကိုလည်း မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ပရီမီယံ iPhone 14 မော်ဒယ်တွေမှာလည်း Always on display feature ပါဝင်မယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

တကယ်တော့ Always on display feature ဟာ Apple Watch Series 5 နဲ့ နောက်ပိုင်းမော်ဒယ်တွေမှာ ရှိနှင့်ပြီးသားဖြစ်ပါတယ်။ နာရီကို Lock ချထားရင်တောင် အချိန်လိုမျိုး အချက်အလက်တွေကို ကြည့်နိုင်တာပါ။ iPhone 14 Pro နဲ့ Pro Max တို့ဟာ အရင်မျိုးဆက်တွေရဲ့ LTPO display ထက် ပိုပြီးကောင်းမွန်တဲ့ ဗားရှင်းကိုရရှိမယ်လို့ ကောလာဟလထွက်နေပြီး Refresh rate ကို 1Hz ကနေ 120Hz အထိ ပြောင်းလဲနိုင်မယ်လို့ ဆိုပါတယ်။

မြင့်မားတဲ့ Refresh rate ဟာ ဂိမ်းတွေနဲ့ ဗီဒီယိုတွေအတွက်ကောင်းမွန်ပေမဲ့လည်း လှုပ်ရှားမှုမပါရှိတဲ့ အကြောင်းအရာတွေကိုကြည့်မယ်ဆိုရင်တော့ ဘသက်ရောက်မှုကြီးကြီးမားမားမရှိပါဘူး။ ဒါကလည်း iPhone 13 Pro နဲ့ Pro Max တို့ရဲ့ Refresh rate ကို Down to 10Hz ဖြစ်ရတဲ့အကြောင်းရင်းလို့ ယူဆရပါတယ်။

Bloomberg က Mark Gurman ကတော့ Apple ဟာ iOS16 ရဲ့ Lock screen interface ကို နှစ်အနည်းငယ်ကြာ စမ်းသပ်နေခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ iPhone 14 Pro မှာ Always-on-display အနေနဲ့ ပေါ်ထွက်လာမယ်လို့ ဆိုပါတယ်။ Apple Watch လိုမျိုးပဲ iPhone 14 Pro အသုံးပြုသူတွေအနေနဲ့ ရာသီဥတု၊ ပြက္ခဒိန်၊ လှုပ်ရှားမှုတွေ၊ ဘက်ထရီအဆင့်၊ အချက်ပေးနှိုးဆော်ခြင်းနဲ့ အခြားဒေတာတွေကိုပြသထားတဲ့ Widgets ကို ထောက်ပံ့လာမှာ ဖြစ်ပါတယ်။

Lock screen မှာ အရေးကြီးတဲ့ဒေတာတွေ မပေါ်စေဖို့လည်း စိတ်ချရတဲ့ Setting ရှိမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ iOS 16 developer beta ထုတ်ပေးထားပြီး လာမဲ့ ဇူလိုင်လမှာ Public beta စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဗားရှင်းအသစ်က စက်တင်ဘာလမှာ iPhone 14 နဲ့အတူ ထွက်ရှိလာမှာဖြစ်ပြီး iPhone 8 နဲ့အထက် မော်ဒယ်အသစ်တွေမှာ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: Phone Arena