Apple ဟာ လာမဲ့ မျိုးဆက်သစ် iPhone တွေရဲ့ ဒီဇိုင်း Language နဲ့ပတ်သက်ပြီး အနည်းငယ်ထုတ်ဖော်ပြောဆိုခဲ့ရာမှာ iPhone 15 တွေဟာ Notch တွေအစား Dynamic Island တွေပဲ အသုံးပြုလာတော့မယ်ဆိုတာကို သိရှိခဲ့ကြရပါတယ်။

Dynamic Island ဟာ ဒီနှစ် iPhone 15 စီးရီးအပြင် ထပ်ပြီးတွေ့ရတော့မှာမဟုတ်ဘဲ ၂၀၂၄ ခုနှစ်ထုတ် iPhone 16 တွေမှာတော့ Under-panel Face ID နဲ့ ကင်မရာ စနစ်ကို အသုံးပြုလာတော့မယ်လို့လည်း သိရပါတယ်။ အသုံးပြုသူက Display ကိုဖွင့်လိုက်ချိန်မှာ သူတို့ရဲ့အပေါ်က Panel ဟာ ပုံမှန် OLED panel လိုမျိုးပဲ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြေခံအားဖြင့် Hardware အာရုံခံကိရိယာနဲ့ ကင်မရာတွေကို အောက်ခြေမှာ ဝှက်ထားတာ ဖြစ်ပါတယ်။

မျက်နှာပြင်အောက် ကင်မရာနဲ့ Face ID sensor array ဟာ iPhone 16 စီးရီးအတွက် ကြီးမားတဲ့ ပြောင်းလဲမှု၊ ဒါမှမဟုတ် ကောင်းကွက်ကြီးလို့ ယူဆလို့မရပါဘူး။ နောက်တစ်ချက်က ဒီပြောင်းလဲမှုဟာ iPhone 16 စီးရီးတစ်ခုလုံးပေါ် သက်ရောက်မှုရှိနိုင်မယ်လို့လည်း မျှော်လင့်ထားလို့မရပါဘူး။ ကြီးမားတဲ့ ဒီဇိုင်းပြောင်လဲမှုတွေနဲ့ Hardware ဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေကို ထုံးစံအတိုင်း ပရီမီယံတွေဖြစ်တဲ့ iPhone 16 Pro နဲ့ iPhone 16 Ultra တို့မှာပဲ အရင်ဦးဆုံး မြင်တွေ့ရနိုင်ပါတယ်။

Apple ရဲ့ အကြီးမားဆုံးပြိုင်ဘက်တွေထဲက Samsung ဟာ Under-display camera နဲ့ Device တွေကို ဈေးကွက်ထဲ ပို့ဆောင်နှင့်ပြီး ဖြစ်ပါတယ်။ Galaxy Z Fold 3 နဲ့ Galaxy Z Fold 4 တွေဟာ ရှေ့ကနေပြေးနှင့်နေပါပြီ။ ကင်မရာပေါ်က Display ဧရိယာဟာ လုံးလုံးလျားလျား အပြစ်ကင်းစင်နေတာမဟုတ်ပေမဲ့ တိုးတက်လာတဲ့ တီထွင်မှုကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

အကြံတူ နောက်လူသာစမြဲလို့ ပြောစမှတ်ရှိတဲ့အတိုင်း Android တွေ ရှေ့ကဘယ်လောက်ပြေးပြေး၊ နောက်က ဖြည်းဖြည်းလေးလိုက်နေတဲ့ iPhone တွေက ပိုပြီးကောင်းမွန်တဲ့ပြောင်းလဲမှုကို သယ်ဆောင်လာတာ တွေ့ရလေ့ရှိပါတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ထွက်လာမှပဲ သိရတော့မှာ ဖြစ်ပါတယ်။

Ref: Phone Arena