ကာလရှည်ကြာ သတင်းထွက်နေတဲ့ ၂၀၁၆ ခုနှစ်ထုတ် iPhone SE ရဲ့ မျိုးဆက်သစ်ကို မကြာခင် မြင်ရတော့မယ်လို့ ထင်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ သတင်းအရ iPhone 9/ iPhone SE 2 ကို ဧပြီလ ၅ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါတယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် iPhone 9 ရဲ့ Cases တွေ Best Buy ကို ရောက်လာပါပြီ။

Urban Armor Gear Protective Case ဘူးခွံမှာ ၂၀၂၀ ခုနှစ်ထုတ် ၄.၇ လက်မ iPhone အသစ်အတွက်ဆိုတာ အတည်ပြုထားပြီး iPhone 7 နဲ့ 8 Cases တွေမှာလို ကင်မရာ အပေါက်ကို မြင်ရပါတယ်။ Apple က ပြီးခဲ့တဲ့ ၁ ပတ်မှာ iPad Pros နဲ့ Macbook Air အသစ်တွေကို ကြေညာခဲ့ပေမယ့် iPhone 9 မပါလာပါဘူး။ iPhone 9 ဟာ စွမ်းရည်မြင့် ဖုန်း မဟုတ်ဘဲ ဈေးသက်သာအောင် ပြုလုပ်ပေးထားတဲ့ iPhone ဖြစ်ပါတယ်။

Apple က iPhone 9 ထက် အရွယ်အစား ပိုကြီးတဲ့ ၅.၅ လက်မ iPhone 9 Plus ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ iPhone 8 ဒီဇိုင်းကို အသုံးပြုထားပြီး A13 Bionic Chipset မောင်းနှင်ထားနိုင်ပါတယ်။ 3GB RAM နဲ့ 64/128GB Storage ပါလာနိုင်ပြီး အနောက်ကင်မရာ ၁ လုံးပဲ ထည့်သွင်းထားနိုင်ပါတယ်။ ၄.၇ လက်မ မော်ဒယ်ရဲ့ တန်ဖိုးအနည်းဆုံးဟာ ၄၀၀ ဒေါ်လာလောက်ရှိနိုင်ပြီး မြန်မာငွေ ၅ သိန်း ၅ သောင်းလောက်ရှိနိုင်ပါတယ်။

Ref : gsmarena