[Unicode]

Apple ဟာ iPhone SE 2 ကို iPhone 9 အနေနဲ့ ထုတ်လာလိမ့်မယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ထွက်ထားတာပါ။ ဒီဇိုင်းပိုင်းဆိုင်ရာမှာ ပထမ iPhone SE အတိုင်းသွားမှာဖြစ်ပြီး အတွင်းအစိတ်အပိုင်းတွေနဲ့ စွမ်းဆောင်ရည်ပိုင်းပဲ အဆင့်မြှင့်တင်မှာလို့လည်း သိရပါတယ်။

အရင်တုန်းကတော့ iPhone 9 ကို ၂၀၂၀ ရဲ့ ပထမနှစ်ဝက်မှာ တွေ့ရမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အခုထွက်လာတဲ့သတင်းအရ ဒုတိယနှစ်ဝက်ပိုင်းကို ရောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက iPhone 9 ကို ပိုကြီးတဲ့ မျက်နှာပြင်နဲ့ iPhone 9 Plus အဖြစ် အမျိုးအစားနှစ်မျိုး ထုတ်လုပ်ဖွယ်ရှိတယ်ဆိုတာပါပဲ။

တရုတ်ကနေထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ Apple ဟာ LCD မျက်နှာပြင်နဲ့ iPhone တွေကို ၂၀၂၀ နှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ၂၀၂၁ နှစ်ဆန်းပိုင်းမှာ အမြောက်အများထုတ်လုပ်သွားမယ်ဆိုတာပါပဲ။ ဒီ သတင်းမှာ ဘယ်မော်ဒယ်အမျိုးအစား iPhone ဖြစ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မဖော်ပြထားပေမယ့် iPhone 9 ထက် မျက်နှာပြင်ပိုကြီးမယ်လို့တော့ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်တွေ ထွက်မလာသေးပေမယ့် Apple ဟာ ရွေးချယ်မှု နှစ်ခုပဲ ထားရှိတယ်လို့ သိရပါတယ်။ ပထမတစ်ခုက 5.5-inch မျက်နှာပြင်နဲ့ဖြစ်ပြီး ထူထဲတဲ့ Bezel အပြင် Touch ID home button ကိုလည်း တွဲပေးထားမယ်လို့ ဆိုပါတယ်။ ဒုတိယတစ်မျိုးကတော့ 6.1-inch မျက်နှာပြင်ကို Bezel ခပ်ပါးပါးနဲ့ဖြစ်ပြီး Notch ပါဝင်မယ့် ဒီဇိုင်းမျိုးလို့ ဆိုပါတယ်။

iPhone 9 Plus ကို ၄၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ဖွယ်ရှိတယ်ဆိုတာကလည်း Apple သတင်းတွေကို အစဉ်တစိုက်လေ့လာဖော်ပြနေတဲ့ Ming-Chi Kuo ရဲ့ ဖော်ပြချက်နဲ့ နီးစပ်နေပါတယ်။ iPhone 9 Plus ရဲ့ အဓိကအစိတ်အပိုင်းတွေအကြောင်းကို မသိရသေးပေမယ့် ဖြစ်နိုင်ခြေရှိတာကတော့ A13 Bionic Chipset ကို 3GB of RAM နဲ့တွဲဖက်ထားဖွယ်ရှိတာပါ။

အကယ်၍ ဒီသတင်းသာ မှန်ခဲ့မယ်ဆိုရင်တော့ ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်ဦးပိုင်းမှာ iPhone 9, iPhone 9 Plus, iPhone 12, iPhone 12 Plus, iPhone 12 Pro, iPhone 12 Pro Max ဆိုပြီး iPhone အမျိုးအစား အမြောက်အများကို တွေ့မြင်လာရဖွယ် ရှိပါတယ်။

Ref: Gizmochina

[Zawgyi]

iPhone 9 Plus အပါအဝင္ iPhone 9 series ဟာ ဒီႏွစ္ကုန္ပိုင္းမွ ထြက္လာဖြယ္ရွိ

Apple ဟာ iPhone SE 2 ကို iPhone 9 အေနနဲ႔ ထုတ္လာလိမ့္မယ္ဆိုတဲ့သတင္းက ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကတည္းက ထြက္ထားတာပါ။ ဒီဇိုင္းပိုင္းဆိုင္ရာမွာ ပထမ iPhone SE အတိုင္းသြားမွာျဖစ္ၿပီး အတြင္းအစိတ္အပိုင္းေတြနဲ႔ စြမ္းေဆာင္ရည္ပိုင္းပဲ အဆင့္ျမႇင့္တင္မွာလို႔လည္း သိရပါတယ္။

အရင္တုန္းကေတာ့ iPhone 9 ကို ၂၀၂၀ ရဲ႕ ပထမႏွစ္ဝက္မွာ ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အခုထြက္လာတဲ့သတင္းအရ ဒုတိယႏွစ္ဝက္ပိုင္းကို ေရာက္သြားလိမ့္မယ္လို႔ ယူဆရပါတယ္။ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတာက iPhone 9 ကို ပိုႀကီးတဲ့ မ်က္ႏွာျပင္နဲ႔ iPhone 9 Plus အျဖစ္ အမ်ိဳးအစားႏွစ္မ်ိဳး ထုတ္လုပ္ဖြယ္ရွိတယ္ဆိုတာပါပဲ။

တ႐ုတ္ကေနထြက္ေပၚလာတဲ့ သတင္းေတြမွာေတာ့ Apple ဟာ LCD မ်က္ႏွာျပင္နဲ႔ iPhone ေတြကို ၂၀၂၀ ႏွစ္ကုန္ပိုင္း၊ ဒါမွမဟုတ္ ၂၀၂၁ ႏွစ္ဆန္းပိုင္းမွာ အေျမာက္အမ်ားထုတ္လုပ္သြားမယ္ဆိုတာပါပဲ။ ဒီ သတင္းမွာ ဘယ္ေမာ္ဒယ္အမ်ိဳးအစား iPhone ျဖစ္မယ္ဆိုတာကို ရွင္းရွင္းလင္းလင္း မေဖာ္ျပထားေပမယ့္ iPhone 9 ထက္ မ်က္ႏွာျပင္ပိုႀကီးမယ္လို႔ေတာ့ ထည့္သြင္းေဖာ္ျပထားပါတယ္။

ဒီဇိုင္းပိုင္းနဲ႔ပတ္သက္ၿပီး အတည္ျပဳခ်က္ေတြ ထြက္မလာေသးေပမယ့္ Apple ဟာ ေ႐ြးခ်ယ္မႈ ႏွစ္ခုပဲ ထားရွိတယ္လို႔ သိရပါတယ္။ ပထမတစ္ခုက 5.5-inch မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး ထူထဲတဲ့ Bezel အျပင္ Touch ID home button ကိုလည္း တြဲေပးထားမယ္လို႔ ဆိုပါတယ္။ ဒုတိယတစ္မ်ိဳးကေတာ့ 6.1-inch မ်က္ႏွာျပင္ကို Bezel ခပ္ပါးပါးနဲ႔ျဖစ္ၿပီး Notch ပါဝင္မယ့္ ဒီဇိုင္းမ်ိဳးလို႔ ဆိုပါတယ္။

iPhone 9 Plus ကို ၄၉၉ ေဒၚလာနဲ႔ ေရာင္းခ်ႏိုင္ဖြယ္ရွိတယ္ဆိုတာကလည္း Apple သတင္းေတြကို အစဥ္တစိုက္ေလ့လာေဖာ္ျပေနတဲ့ Ming-Chi Kuo ရဲ႕ ေဖာ္ျပခ်က္နဲ႔ နီးစပ္ေနပါတယ္။ iPhone 9 Plus ရဲ႕ အဓိကအစိတ္အပိုင္းေတြအေၾကာင္းကို မသိရေသးေပမယ့္ ျဖစ္ႏိုင္ေျခရွိတာကေတာ့ A13 Bionic Chipset ကို 3GB of RAM နဲ႔တြဲဖက္ထားဖြယ္ရွိတာပါ။

အကယ္၍ ဒီသတင္းသာ မွန္ခဲ့မယ္ဆိုရင္ေတာ့ ဒီႏွစ္ကုန္ပိုင္းနဲ႔ လာမယ့္ႏွစ္ဦးပိုင္းမွာ iPhone 9, iPhone 9 Plus, iPhone 12, iPhone 12 Plus, iPhone 12 Pro, iPhone 12 Pro Max ဆိုၿပီး iPhone အမ်ိဳးအစား အေျမာက္အမ်ားကို ေတြ႕ျမင္လာရဖြယ္ ရွိပါတယ္။

Ref: Gizmochina