India နိုင်ငံမှာ လက်ရှိကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါစတင်ဖြစ်ပွားနေပြီဖြစ်ပြီးတော့ အစိုးရကိုယ်တိုင်ကလည်း တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ Lockdown ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

ဒီလိုမျိုး India တစ်နိုင်ငံလုံးကို Lockdown ပြုလုပ်လိုက်တဲ့အတွက် Apple ရဲ့ iPhone ထုတ်လုပ်မှုတွေကလည်း ရပ်တန့်သွားခဲ့ပါတယ်။ လက်ရှိ India မှာ Foxconn နဲ့ Wistron တို့က iPhone တွေကို အဓိကထုတ်လုပ်ပေးနေတာဖြစ်ပြီး အခုအချိန်မှာ ပိတ်သိမ်းထားတယ်လို့လည်းသိရပါတယ်။

Foxconn ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ ဧပြီလ ၁၄ ရက်နေ့အထိ လုပ်ငန်းတွေအကုန်ရပ်နားထားတယ်လို့သိရပါတယ်။ WIstron ကတော့ iPhone Component တွေထုတ်လုပ်တဲ့ စက်ရုံတွေကို ပိတ်ထားတယ်လို့ပဲပြောကြားခဲ့ပြီး ဘယ်အချိန်အထိ ပိတ်ထားမလဲဆိုတာနဲ့ ဘယ်အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးနေသလဲဆိုတာကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။

အခုလိုမျိုး လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ India တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ Lockdown ပြုလုပ်လိုက်တာက Apple တင်မဟုတ်ဘဲ Xiaomi ၊ Vivo နဲ့ realme လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေကိုပါ စမတ်ဖုန်းတွေ မိတ်ဆက်ရောင်းချဖို့ကို ရပ်ဆိုင်းရတဲ့အထိဖြစ်ပွားစေခဲ့တာလည်းဖြစ်ပါတယ်။

Ref – GSM Arena