[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းက Apple ရဲ႕ iPhone သစ္ေတြဟာ ထင္သေလာက္ မေရာင္းရဘဲ ေမွ်ာ္မွန္းပမာဏထက္ ေလ်ာ့နည္းေရာင္းခ်ခဲ့ရတာကို သိၿပီးသား ျဖစ္ၾကပါလိမ့္မယ္။ ဒီေနာက္ပိုင္းမွာေတာ့ Apple ရဲ႕ တာဝန္ရွိသူေတြက သူတို႔ရဲ႕ iPhone သစ္ေတြ အေရာင္းသြက္ေစဖို႔ နည္းလမ္းေကာင္းေတြကို စဥ္းစားလာၾကရပါေတာ့တယ္။

iPhone သစ္ေတြ အေရာင္းထိုင္းတာက ထုတ္ကုန္ရဲ႕ အရည္အေသြးကို မႀကိဳက္ၾကတာထက္ ေဈးႏႈန္းေၾကာင့္လို႔ Apple ကယူဆလိုက္ပုံရပါတယ္။ ဒါေၾကာင့္လည္း ေဈးကြက္အလိုက္ သက္ဆိုင္ရာႏိုင္ငံရဲ႕ ေငြေၾကးနဲ႔ႏႈန္းထားသတ္မွတ္ၿပီး ေရာင္းခ်မယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါေသးတယ္။

ျမင့္တက္ေနတဲ့ ေဒၚလာတန္ဖိုးအျပင္ တ႐ုတ္နဲ႔အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲရဲ႕ ႐ိုက္ခတ္မႈေတြက iPhone ေတြကို ပိုၿပီးေဈးႀကီးေစတာလည္း အမွန္ပါ။ ဒါ့အျပင္ တ႐ုတ္လူမ်ိဳးေတြရဲ႕ မ်ိဳးခ်စ္စိတ္ကလည္း က႑တစ္ရပ္အေနနဲ႔ ပါဝင္ပါတယ္။ အေမရိကန္အစိုးရဟာ Huawei ကို အႏိုင္က်င့္တယ္လို႔ ခံယူၾကတာေၾကာင့္ အေမရိကန္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Apple အေပၚ တုံ႔ျပန္မႈေတြ သက္ေရာက္ခဲ့ရျပန္ပါတယ္။

အေျခအေနအရပ္ရပ္ကို ၿခဳံငုံသုံးသပ္ၿပီးတဲ့ေနာက္ Apple ရဲ႕ ေနာက္ဆုံးအေျဖက Payment အသစ္နဲ႔ ေရာင္းခ်ဖို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ Apple China ဝက္ဘ္ဆိုက္မွာ iPhone XR ကိုဝယ္ယူမယ္ဆိုရင္ တစ္လကို ၂၁၇ ယြမ္ ($40.31) (ျမန္မာေငြ ၆ ေသာင္း ၂ ေထာင္ဝန္းက်င္) ေပးသြင္းၿပီး ဝယ္ယူႏိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီနည္းနဲ႔ဝယ္ယူမယ္ဆိုရင္ေတာ့ iPhone XR အတြက္ ၂၄ လေငြေပးသြင္းရမွာျဖစ္ပါတယ္။ iPhone XS ကိုေတာ့ တစ္လကို ၃၆၂ ယြမ္ ($53.92) (ျမန္မာေငြ ၈ ေသာင္း ၃ ေထာင္ဝန္းက်င္) ေပးသြင္းႏိုင္တယ္လို႔လည္း သိရပါတယ္။ Apple ရဲ႕ အခုလိုေျပာင္းလဲလိုက္တဲ့ ေရာင္းခ်မႈပုံစံက ဘယ္ေလာက္ထိေအာင္ျမင္မႈရမလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္သြားရဦးမွာပါ။

Ref: Phone Arena

[Unicode]

တရုတ်နိုင်ငံမှာ iPhone တွေကို အရစ်ကျစနစ်သစ်နဲ့ ရောင်းချနေတဲ့ Apple

ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက Apple ရဲ့ iPhone သစ်တွေဟာ ထင်သလောက် မရောင်းရဘဲ မျှော်မှန်းပမာဏထက် လျော့နည်းရောင်းချခဲ့ရတာကို သိပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒီနောက်ပိုင်းမှာတော့ Apple ရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ iPhone သစ်တွေ အရောင်းသွက်စေဖို့ နည်းလမ်းကောင်းတွေကို စဉ်းစားလာကြရပါတော့တယ်။

iPhone သစ်တွေ အရောင်းထိုင်းတာက ထုတ်ကုန်ရဲ့ အရည်အသွေးကို မကြိုက်ကြတာထက် ဈေးနှုန်းကြောင့်လို့ Apple ကယူဆလိုက်ပုံရပါတယ်။ ဒါကြောင့်လည်း ဈေးကွက်အလိုက် သက်ဆိုင်ရာနိုင်ငံရဲ့ ငွေကြေးနဲ့နှုန်းထားသတ်မှတ်ပြီး ရောင်းချမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

မြင့်တက်နေတဲ့ ဒေါ်လာတန်ဖိုးအပြင် တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲရဲ့ ရိုက်ခတ်မှုတွေက iPhone တွေကို ပိုပြီးဈေးကြီးစေတာလည်း အမှန်ပါ။ ဒါ့အပြင် တရုတ်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ကလည်း ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ အမေရိကန်အစိုးရဟာ Huawei ကို အနိုင်ကျင့်တယ်လို့ ခံယူကြတာကြောင့် အမေရိကန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Apple အပေါ် တုံ့ပြန်မှုတွေ သက်ရောက်ခဲ့ရပြန်ပါတယ်။

အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပြီးတဲ့နောက် Apple ရဲ့ နောက်ဆုံးအဖြေက Payment အသစ်နဲ့ ရောင်းချဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Apple China ဝက်ဘ်ဆိုက်မှာ iPhone XR ကိုဝယ်ယူမယ်ဆိုရင် တစ်လကို ၂၁၇ ယွမ် ($40.31) (မြန်မာငွေ ၆ သောင်း ၂ ထောင်ဝန်းကျင်) ပေးသွင်းပြီး ဝယ်ယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီနည်းနဲ့ဝယ်ယူမယ်ဆိုရင်တော့ iPhone XR အတွက် ၂၄ လငွေပေးသွင်းရမှာဖြစ်ပါတယ်။ iPhone XS ကိုတော့ တစ်လကို ၃၆၂ ယွမ် ($53.92) (မြန်မာငွေ ၈ သောင်း ၃ ထောင်ဝန်းကျင်) ပေးသွင်းနိုင်တယ်လို့လည်း သိရပါတယ်။ Apple ရဲ့ အခုလိုပြောင်းလဲလိုက်တဲ့ ရောင်းချမှုပုံစံက ဘယ်လောက်ထိအောင်မြင်မှုရမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရဦးမှာပါ။

Ref: Phone Arena