[Unicode]

လာမယ့် ၂၀၂၀ ပြည့်နှစ်ထဲမှာထွက်လာမယ့် Apple ရဲ့ iPhone သစ်လို့ပြောလိုက်ရင် iPhone 12 အကြောင်းလို့ပဲ ထင်ကြပါလိမ့်မယ်။ အခုပြောမှာက iPhone 9 အကြောင်းပါ။ လာမယ့်နှစ်ရဲ့ ပထမသုံးလပတ်ကာလအတွင်းမှာ Apple ဟာ iPhone SE 2 ကို ပွဲထုတ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ပထမဆုံး iPhone SE ဟာ ၂၀၁၆ ခုနှစ် မတ်လထဲမှာ မိတ်ဆက်သွားတာပါ။ ဒီမတိုင်မီ ခြောက်လလောက်က မိတ်ဆက်ခဲ့တဲ့ iPhone 6s က မျက်နှာပြင်ကြီးတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လည်း ကြီးသွားတော့ iPhone SE ကို မျက်နှာပြင် ခပ်သေးသေးနဲ့ ပြန်ထုတ်ခဲ့ပါတယ်။ iPhone 5s ဒီဇိုင်းကို ပြန်ယူခဲ့တယ်ပဲ ဆိုရမှာပါ။ A7 SoC နေရာမှာ A9 chipset အသုံးပြုခဲ့သလို အခြားအစိတ်အပိုင်းတွေလည်း အဆင့်မြှင့်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ Apple ဟာ Notch သေးသေးပါတဲ့ မျက်နှာပြင်၊ Face ID နဲ့ TrueDepth ကင်မရာတပ်ဆင်ထားတဲ့ iPhone SE 2 ကို မိတ်ဆက်မယ်လို့ ကောလာဟလထွက်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ iPhone X အသေးစားလေးပေါ့။ ဒါပေမယ့် အခုသတင်းထွက်လာတာကတော့ Apple ဟာ iPhone SE နေရာဆက်ခံမယ့် ဟန်းဆက်ကို iPhone 9 အဖြစ် မိတ်ဆက်မယ်ဆိုတဲ့ သတင်းပါ။

ဒီတော့ ကောလာဟလထွက်ထားတဲ့ iPhone SE 2 ဆိုတဲ့နာမည်အစား iPhone 9 ဆိုတဲ့ နာမည် သုံးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် iPhone 8 နဲ့ iPhone X တွေကြား လစ်လပ်နေမှုကို ဖြည့်စွက်လိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် iPhone 9 က ပရီမီယံ ဖြစ်ပါ့မလားလို့ တွေးရပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ Budget မော်ဒယ်ပါပဲ။

iPhone 9 အနေနဲ့ 5G ချိတ်ဆက်နိုင်မှာမဟုတ်ဘဲ 4G LTE သာ သုံးစွဲရဖွယ် ရှိပါတယ်။ Apple ရဲ့ 5G ဟန်းဆက်တွေဟာ အစောဆုံးအဖြစ် ၂၀၂၀ စက်တင်ဘာလောက်မှ ရရှိမှာ ဖြစ်ပါတယ်။ Apple ဟာ လာမယ့်နှစ်မှာ iPhone ဖြန့်ချိရေးဗျူဟာကို ပြောင်းလဲသွားမယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က JP Morgan ရဲ့ သတင်းကို ကိုးကားပြီးဖော်ပြခဲ့ဖူးပါသေးတယ်။

JP Morgan ရဲ့ သတင်းထဲမှာတော့ iPhone သစ် လေးမျိုးထွက်နိုင်တယ်လို့ ရေးသားထားတာပါ။ ဒါပေမယ့် Apple ဟာ နှစ်ကုန်ပိုင်းမှာ ပရီမီယံ iPhone X တွေကို မိတ်ဆက်သလို၊ နှစ်အစပိုင်းမှာလည်း iPhone 8 နဲ့ 8 Plus တွေကို မိတ်ဆက်ထားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်နှစ်အစောပိုင်းမှာ အခုထွက်ထားတဲ့သတင်းလိုပဲ iPhone SE 2 ဒါမှဟုတ် iPhone 9 လည်း မိတ်ဆက်လာနိုင်ပါတယ်။

Ref: Phone Arena

[Zawgyi]

၂၀၂၀ ပထမသုံးလပတ္ထဲမွာ iPhone 9 ကို မိတ္ဆက္လာဖြယ္ရွိတဲ့ Apple

လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ထဲမွာထြက္လာမယ့္ Apple ရဲ႕ iPhone သစ္လို႔ေျပာလိုက္ရင္ iPhone 12 အေၾကာင္းလို႔ပဲ ထင္ၾကပါလိမ့္မယ္။ အခုေျပာမွာက iPhone 9 အေၾကာင္းပါ။ လာမယ့္ႏွစ္ရဲ႕ ပထမသုံးလပတ္ကာလအတြင္းမွာ Apple ဟာ iPhone SE 2 ကို ပြဲထုတ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ပထမဆုံး iPhone SE ဟာ ၂၀၁၆ ခုႏွစ္ မတ္လထဲမွာ မိတ္ဆက္သြားတာပါ။ ဒီမတိုင္မီ ေျခာက္လေလာက္က မိတ္ဆက္ခဲ့တဲ့ iPhone 6s က မ်က္ႏွာျပင္ႀကီးတဲ့အတြက္ ထုတ္လုပ္မႈကုန္က်စရိတ္လည္း ႀကီးသြားေတာ့ iPhone SE ကို မ်က္ႏွာျပင္ ခပ္ေသးေသးနဲ႔ ျပန္ထုတ္ခဲ့ပါတယ္။ iPhone 5s ဒီဇိုင္းကို ျပန္ယူခဲ့တယ္ပဲ ဆိုရမွာပါ။ A7 SoC ေနရာမွာ A9 chipset အသုံးျပဳခဲ့သလို အျခားအစိတ္အပိုင္းေတြလည္း အဆင့္ျမႇင့္တင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ Apple ဟာ Notch ေသးေသးပါတဲ့ မ်က္ႏွာျပင္၊ Face ID နဲ႔ TrueDepth ကင္မရာတပ္ဆင္ထားတဲ့ iPhone SE 2 ကို မိတ္ဆက္မယ္လို႔ ေကာလာဟလထြက္ခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ iPhone X အေသးစားေလးေပါ့။ ဒါေပမယ့္ အခုသတင္းထြက္လာတာကေတာ့ Apple ဟာ iPhone SE ေနရာဆက္ခံမယ့္ ဟန္းဆက္ကို iPhone 9 အျဖစ္ မိတ္ဆက္မယ္ဆိုတဲ့ သတင္းပါ။

ဒီေတာ့ ေကာလာဟလထြက္ထားတဲ့ iPhone SE 2 ဆိုတဲ့နာမည္အစား iPhone 9 ဆိုတဲ့ နာမည္ သုံးလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ iPhone 8 နဲ႔ iPhone X ေတြၾကား လစ္လပ္ေနမႈကို ျဖည့္စြက္လိုတဲ့ သေဘာလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုဆိုရင္ iPhone 9 က ပရီမီယံ ျဖစ္ပါ့မလားလို႔ ေတြးရပါတယ္။ ျဖစ္ႏိုင္ေျခအရွိဆုံးကေတာ့ Budget ေမာ္ဒယ္ပါပဲ။

iPhone 9 အေနနဲ႔ 5G ခ်ိတ္ဆက္ႏိုင္မွာမဟုတ္ဘဲ 4G LTE သာ သုံးစြဲရဖြယ္ ရွိပါတယ္။ Apple ရဲ႕ 5G ဟန္းဆက္ေတြဟာ အေစာဆုံးအျဖစ္ ၂၀၂၀ စက္တင္ဘာေလာက္မွ ရရွိမွာ ျဖစ္ပါတယ္။ Apple ဟာ လာမယ့္ႏွစ္မွာ iPhone ျဖန႔္ခ်ိေရးဗ်ဴဟာကို ေျပာင္းလဲသြားမယ္လို႔ ၿပီးခဲ့တဲ့ တစ္ပတ္က JP Morgan ရဲ႕ သတင္းကို ကိုးကားၿပီးေဖာ္ျပခဲ့ဖူးပါေသးတယ္။

JP Morgan ရဲ႕ သတင္းထဲမွာေတာ့ iPhone သစ္ ေလးမ်ိဳးထြက္ႏိုင္တယ္လို႔ ေရးသားထားတာပါ။ ဒါေပမယ့္ Apple ဟာ ႏွစ္ကုန္ပိုင္းမွာ ပရီမီယံ iPhone X ေတြကို မိတ္ဆက္သလို၊ ႏွစ္အစပိုင္းမွာလည္း iPhone 8 နဲ႔ 8 Plus ေတြကို မိတ္ဆက္ထားခဲ့ပါတယ္။ ဒါေၾကာင့္ လာမယ့္ႏွစ္အေစာပိုင္းမွာ အခုထြက္ထားတဲ့သတင္းလိုပဲ iPhone SE 2 ဒါမွဟုတ္ iPhone 9 လည္း မိတ္ဆက္လာႏိုင္ပါတယ္။

Ref: Phone Arena