Zawgyi
အဲ့ဒီအတွက် Apple ကနေ လာမယ့် ၂၀၂၀ ခုနှစ် နှစ်စပိုင်းဝန်းကျင်မှာ ဈေးနှုန်းပိုသက်သာတဲ့ iPhone SE 2 ကို မိတ်ဆက်သွားမယ်လို့ သိရပြီးတော့ အခုအချိန်မှာတော့ Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းခန့်မှန်းနေကြဖြစ်တဲ့ TF Securities က Analyst Ming-Chi Kuo ကနေ iPhone SE 2 ရဲ့ ဈေးနှုန်းကို ခန့်မှန်းလိုက်ပြီဖြစ်ပါတယ်။
Ref – CNet
Unicode
Apple ကနေ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက iPhone အသစ်တွေဖြစ်တဲ့ iPhone 11 ၊ iPhone 11 Pro နဲ့ 11 Pro Max တွေကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone 11 ဟာ စျေးနှုန်းအနေနဲ့ $699 ကနေ စတင်ရောင်းချတာဖြစ်သလို iPhone 11 Pro ဖုန်းကလည်း $999 ကနေ စတင်တာဖြစ်ပါတယ်။
အဲ့ဒီအတွက် Apple ကနေ လာမယ့် ၂၀၂၀ ခုနှစ် နှစ်စပိုင်းဝန်းကျင်မှာ စျေးနှုန်းပိုသက်သာတဲ့ iPhone SE 2 ကို မိတ်ဆက်သွားမယ်လို့ သိရပြီးတော့ အခုအချိန်မှာတော့ Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းခန့်မှန်းနေကြဖြစ်တဲ့ TF Securities က Analyst Ming-Chi Kuo ကနေ iPhone SE 2 ရဲ့ စျေးနှုန်းကို ခန့်မှန်းလိုက်ပြီဖြစ်ပါတယ်။
Ming-Chi Kui ရဲ့ ခန့်မှန်းချက်အရတော့ iPhone SE 2 ဟာ စျေးနှုန်းအနေနဲ့ $399 ကနေ စတင်သွားမှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone SE First Generation နဲ့ စျေးနှုန်းအရတူညီမှာဖြစ်ပါတယ်။ First Generation iPhone SE က Design ပိုင်းအရတော့ iPhone 5S နဲ့ တူညီပြီးတော့ Specification နဲ့ Camera ပိုင်းမှာ iPhone 6S နဲ့ တူညီတဲ့အတွက် အသုံးပြုသူတွေကြိုက်နှစ်သက်ခဲ့တဲ့စမတ်ဖုန်းတစ်ခုဖြစ်ခဲ့တာပါ။
အခု iPhone SE 2 ဖုန်းဟာလည်း Design ပိုင်းအရ iPhone 8 နဲ့ တူညီမှာဖြစ်ပြီးတော့ လက်ရှိ iPhone 11 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ A13 Bionic Chip ၊ RAM 3GB နဲ့အတူ Camera ပိုင်းကိုလည်း အဆင့်မြှင့်တင်လာဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်မြင့် iPhone တစ်ခုကို စျေးသက်သက်သာသာနဲ့ အသုံးပြုချင်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာဦးမှာပါ။
Ming-Chi Kuo ကတော့ အခုလာမယ့် iPhone SE 2 ဖုန်းဟာ Apple ရဲ့ iPhone ရောင်းအားကို ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေမယ်ဆိုပြီး ခန့်မှန်းခဲ့ပါသေးတယ်။
Ref – CNet