Zawgyi

၂၀၁၆ ခုႏွစ္တုန္းက မူရင္း iPhone SE ကုိ ပထမဆုံးမိတ္ဆက္ခဲ့ၿပီး ထုိစဥ္က ႏွစ္ႏွစ္သက္တမ္းရွိၿပီျဖစ္တဲ့ iPhone 5s ရဲ႕ ကိုယ္ထည္ကိုအေျခခံကာ Specs ပုိင္းေျပာင္းလဲလာခဲ့ပါတယ္။ အဲဒီ့အခ်ိန္ကစၿပီး ဒုတိယမ်ဳိးဆက္ iPhone SE သတင္းေတြကို ႏွစ္တုိင္းလိုလိုၾကားေနရေပမယ့္ အခုတစ္ခါမွာေတာ့ အနီးစပ္ဆုံးျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ရဲ႕ ပထမသုံးလပတ္မွာတင္ မိတ္ဆက္လာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

ဒါ့အျပင္ AppleInsider မွာ ရင္းျမစ္တစ္ေယာက္ျဖစ္တဲ့ Ming-Chi Kuo ကေတာ့ ဒီဖုန္းဟာ ေဒၚလာ ၃၉၉ (ျမန္မာေငြ ေျခာက္သိန္းဝန္းက်င္) ကေန ေစ်းႏႈန္းသတ္မွတ္လာႏုိင္တယ္လို႔ ဆုိလုိက္ပါတယ္။ ဒုတိယမ်ဳိးဆက္ iPhone SE သို႔မဟုတ္ iPhone SE 2 ဟာ iPhone 8 ရဲ႕ ဒီဇိုင္းကို အေျခခံလာမယ္လို႔လည္း သူက ခန္႔မွန္းထားခဲ့ပါတယ္။

Ming-Chi Kuo ဟာ ယခင္ကလည္း iPhone SE မ်ုိးဆက္သစ္မွာ A13 Processor ကို အသုံးျပဳလာမယ္ လို႔ခန္႔မွန္းခဲ့သူပါ။ ေနာက္ၿပီးေတာ့ Storage ပုိင္းမွာ 64 / 128 GB ေရြးခ်ယ္မႈႏွစ္မ်ဳိးနဲ႔ 3GB RAM ကို ျမင္ေတြ႕ရမယ္လို႔လည္း သူက ခန္႔မွန္းပါတယ္။

အခုတေလာထြက္ေပၚထားတဲ့ သတင္းေတြမွာေတာ့ iPhone 8 ကုိ အေျခခံလာမယ္ဆုိတဲ့ iPhone SE 2 ဟာ 4.7” လက္မအရြယ္ Display နဲ႔အတူ 12MP အဓိကကင္မရာ၊ 7MP Selfie ကင္မရာတုိ႔ ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါတယ္။

Kuo က iPhone SE 2 ရဲ႕အေရာင္ကိုလည္း ခန္႔မွန္းခဲ့ၿပီး Space Gray, Silver, Red ဆုိတဲ့ အေရာင္သုံးမ်ဳိးနဲ႔ ထြက္လာမယ္လို႔ ဆုိထားပါတယ္။ 3D Touch စနစ္ကိုလည္း Haptic Touch နည္းပညာနဲ႔ အစားထိုးလာမယ္လို႔ ေျပာပါတယ္။

Kuo ကေတာ့ ဒီဟန္းဆက္အသစ္ဟာ ၂၀၂၀ ခုႏွစ္မွာ Apple အတြက္ အဓိကေစ်းကြက္ခ်ဲ႕ထြင္သူ ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ၂၀၂၀ တစ္ႏွစ္လုံးမွာ iPhone SE 2 ကို အလုံးေရသန္း ၃၀ ေလာက္ ေရာင္းခ်ရလိမ့္မယ္လို႔လည္း ေျပာခဲ့တယ္။

iOS စနစ္ကို အသုံးျပဳလိုတဲ့ သုံးစြဲသူေတြဟာ အဆမတန္ေစ်းျမင့္တဲ့ iPhone 11 မိသားစုဝင္ေတြကို မသုံးခ်င္ဘူးဆုိရင္ ေစ်းသက္သာတဲ့ SE 2 ဘက္ကို လွည့္လာမယ္လို႔ ယုံၾကည္စရာလည္း ျဖစ္ေနပါတယ္။ iPhone SE 2 နဲ႔ပတ္သက္ၿပီး ဒီႏွစ္ထဲမွာ သတင္းထြက္ခဲ့တာဟာ iPhone 11 မိတ္မဆက္ခင္ စက္တင္ဘာလထဲက ျဖစ္ပါတယ္။

Ref – Apple Insider

Unicode

၂၀၁၆ ခုနှစ်တုန်းက မူရင်း iPhone SE ကို ပထမဆုံးမိတ်ဆက်ခဲ့ပြီး ထိုစဉ်က နှစ်နှစ်သက်တမ်းရှိပြီဖြစ်တဲ့ iPhone 5s ရဲ့ ကိုယ်ထည်ကိုအခြေခံကာ Specs ပိုင်းပြောင်းလဲလာခဲ့ပါတယ်။ အဲဒီ့အချိန်ကစပြီး ဒုတိယမျိုးဆက် iPhone SE သတင်းတွေကို နှစ်တိုင်းလိုလိုကြားနေရပေမယ့် အခုတစ်ခါမှာတော့ အနီးစပ်ဆုံးဖြစ်ပြီး ၂၀၂၀ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာတင် မိတ်ဆက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် AppleInsider မှာ ရင်းမြစ်တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ကတော့ ဒီဖုန်းဟာ ဒေါ်လာ ၃၉၉ (မြန်မာငွေ ခြောက်သိန်းဝန်းကျင်) ကနေ ဈေးနှုန်းသတ်မှတ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ ဒုတိယမျိုးဆက် iPhone SE သို့မဟုတ် iPhone SE 2 ဟာ iPhone 8 ရဲ့ ဒီဇိုင်းကို အခြေခံလာမယ်လို့လည်း သူက ခန့်မှန်းထားခဲ့ပါတယ်။

Ming-Chi Kuo ဟာ ယခင်ကလည်း iPhone SE မျိုးဆက်သစ်မှာ A13 Processor ကို အသုံးပြုလာမယ် လို့ခန့်မှန်းခဲ့သူပါ။ နောက်ပြီးတော့ Storage ပိုင်းမှာ 64 / 128 GB ရွေးချယ်မှုနှစ်မျိုးနဲ့ 3GB RAM ကို မြင်တွေ့ရမယ်လို့လည်း သူက ခန့်မှန်းပါတယ်။

အခုတလောထွက်ပေါ်ထားတဲ့ သတင်းတွေမှာတော့ iPhone 8 ကို အခြေခံလာမယ်ဆိုတဲ့ iPhone SE 2 ဟာ 4.7” လက်မအရွယ် Display နဲ့အတူ 12MP အဓိကကင်မရာ၊ 7MP Selfie ကင်မရာတို့ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

Kuo က iPhone SE 2 ရဲ့အရောင်ကိုလည်း ခန့်မှန်းခဲ့ပြီး Space Gray, Silver, Red ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ထွက်လာမယ်လို့ ဆိုထားပါတယ်။ 3D Touch စနစ်ကိုလည်း Haptic Touch နည်းပညာနဲ့ အစားထိုးလာမယ်လို့ ပြောပါတယ်။

Kuo ကတော့ ဒီဟန်းဆက်အသစ်ဟာ ၂၀၂၀ ခုနှစ်မှာ Apple အတွက် အဓိကဈေးကွက်ချဲ့ထွင်သူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ၂၀၂၀ တစ်နှစ်လုံးမှာ iPhone SE 2 ကို အလုံးရေသန်း ၃၀ လောက် ရောင်းချရလိမ့်မယ်လို့လည်း ပြောခဲ့တယ်။

iOS စနစ်ကို အသုံးပြုလိုတဲ့ သုံးစွဲသူတွေဟာ အဆမတန်ဈေးမြင့်တဲ့ iPhone 11 မိသားစုဝင်တွေကို မသုံးချင်ဘူးဆိုရင် ဈေးသက်သာတဲ့ SE 2 ဘက်ကို လှည့်လာမယ်လို့ ယုံကြည်စရာလည်း ဖြစ်နေပါတယ်။ iPhone SE 2 နဲ့ပတ်သက်ပြီး ဒီနှစ်ထဲမှာ သတင်းထွက်ခဲ့တာဟာ iPhone 11 မိတ်မဆက်ခင် စက်တင်ဘာလထဲက ဖြစ်ပါတယ်။

Ref – Apple Insider