Zawgyi

Apple ကေန iPhone SE စမတ္ဖုန္းကို မိတ္ဆက္ခဲ့တဲ့အခ်ိန္တုန္းက လူအမ်ားအျပားရဲ႕ အားေပးမႈကို ခံခဲ့ရတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ Apple ကေန iPhone SE 2 ကို မိတ္ဆက္လာမယ္ဆိုတဲ့ ေကာလဟာလေတြဆက္တိုက္ကို ထြက္ရွိေနၿပီးေတာ့ အခုအခ်ိန္မွာဆိုရင္ ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္မွာ iPhone SE 2 ကို မိတ္ဆက္ဖို႔က က်ိန္းေသသေလာက္ကို ျဖစ္ေနပါၿပီ။

အခုလည္း Apple နဲ႔ ပတ္သတ္တဲ့သတင္းေတြကို အၿမဲတမ္းမွန္ကန္ေအာင္ ခန္႔မွန္းႏိုင္တဲ့ TF International Analyst Ming-Chi Kuo ကေန iPhone SE 2 နဲ႔ ပတ္သတ္တဲ့ ေနာက္ထပ္ခန္႔မွန္းခ်က္တစ္ခုကို ေျပာၾကားခဲ့ပါတယ္။

အခု Ming-Chi Kuo က ေျပာၾကားခဲ့တာက လာမယ့္ ႏွစ္ျဖစ္တဲ့ ၂၀၂၀ ခုႏွစ္မွာ iPhone ေတြရဲ႕ ေရာင္းအားက ဒီႏွစ္ကထက္ ၁၀ ရာခိုင္ႏႈန္းပိုၿပီး မ်ားျပားလာမယ္လို႔ ခန္႔မွန္းခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး ေရာင္းအားတက္လာမွာကလည္း ၂၀၂၀ ႏွစ္စပိုင္းမွာ မိတ္ဆက္သြားမယ့္ iPhone SE 2 ေၾကာင့္ဆိုၿပီး ေျပာၾကားသြားခဲ့တာပါ။

Ming-Chi Kuo က ဒီႏွစ္မွာ Apple အေနနဲ႔ iPhone 11 Pro နဲ႔ iPhone 11 Pro Max ဖုန္းေတြကို အလုံးေရ သန္း ၄၀ ဝန္းက်င္အထိ ေရာင္းခ်ရမယ္လို႔ ခန္႔မွန္းထားၿပီးေတာ့ ဒါက မႏွစ္တုန္းက iPhone XS နဲ႔ iPhone XS Max ေတြရဲ႕ ေရာင္းအားျဖစ္တဲ့ ၄၃ သန္းနဲ႔ယွဥ္ရင္ အနည္းငယ္အားနည္းသြားတာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေနာက္ႏွစ္မွာေတာ့ Apple အေနနဲ႔ ယခုႏွစ္ထက္ ေရာင္းအား ၁၀ ရာခိုင္ႏႈန္းခန္႔ တက္သြားမယ္လို႔ ယူဆရၿပီး ဒီသတင္းက မၾကာေသးခင္တုန္းက Apple ကေန iPhone 11 Production ကို ၁၀ ရာခိုင္ႏႈန္းအထိ တိုးလိုက္တဲ့သတင္းနဲ႔လည္း သြားၿပီး ကိုက္ညီေနတာျဖစ္ပါတယ္။

လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိလာမယ့္ iPhone SE 2 ဟာ iPhone 8 လိုမ်ိဳး Design ရွိလာမွာျဖစ္ၿပီးေတာ့ 4.7″ Display ၊ RAM 3GB ၊ 12MP Back Camera နဲ႔ 7MP Front Selfie Camera ၊ 1821mAh Battery ေတြပါဝင္မယ္လို႔ ယူဆရပါတယ္။ Ming-Chi Kuo ကေတာ့ လာမယ့္ ၂၀၂၀ မွာ iPhone SE 2 ပဲ အလုံးေရ သန္း ၃၀ ကေန သန္း ၄၀ အထိေရာင္းခ်ရမယ္ဆိုၿပီး ခန္႔မွန္းထားပါတယ္။

Ref – Phone Arena

Unicode

Apple ကနေ iPhone SE စမတ်ဖုန်းကို မိတ်ဆက်ခဲ့တဲ့အချိန်တုန်းက လူအများအပြားရဲ့ အားပေးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Apple ကနေ iPhone SE 2 ကို မိတ်ဆက်လာမယ်ဆိုတဲ့ ကောလဟာလတွေဆက်တိုက်ကို ထွက်ရှိနေပြီးတော့ အခုအချိန်မှာဆိုရင် နောက်လာမယ့် ၂၀၂၀ ခုနှစ်မှာ iPhone SE 2 ကို မိတ်ဆက်ဖို့က ကျိန်းသေသလောက်ကို ဖြစ်နေပါပြီ။

အခုလည်း Apple နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတမ်းမှန်ကန်အောင် ခန့်မှန်းနိုင်တဲ့ TF International Analyst Ming-Chi Kuo ကနေ iPhone SE 2 နဲ့ ပတ်သတ်တဲ့ နောက်ထပ်ခန့်မှန်းချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။

အခု Ming-Chi Kuo က ပြောကြားခဲ့တာက လာမယ့် နှစ်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်မှာ iPhone တွေရဲ့ ရောင်းအားက ဒီနှစ်ကထက် ၁၀ ရာခိုင်နှုန်းပိုပြီး များပြားလာမယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ရောင်းအားတက်လာမှာကလည်း ၂၀၂၀ နှစ်စပိုင်းမှာ မိတ်ဆက်သွားမယ့် iPhone SE 2 ကြောင့်ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Ming-Chi Kuo က ဒီနှစ်မှာ Apple အနေနဲ့ iPhone 11 Pro နဲ့ iPhone 11 Pro Max ဖုန်းတွေကို အလုံးရေ သန်း ၄၀ ဝန်းကျင်အထိ ရောင်းချရမယ်လို့ ခန့်မှန်းထားပြီးတော့ ဒါက မနှစ်တုန်းက iPhone XS နဲ့ iPhone XS Max တွေရဲ့ ရောင်းအားဖြစ်တဲ့ ၄၃ သန်းနဲ့ယှဥ်ရင် အနည်းငယ်အားနည်းသွားတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်နှစ်မှာတော့ Apple အနေနဲ့ ယခုနှစ်ထက် ရောင်းအား ၁၀ ရာခိုင်နှုန်းခန့် တက်သွားမယ်လို့ ယူဆရပြီး ဒီသတင်းက မကြာသေးခင်တုန်းက Apple ကနေ iPhone 11 Production ကို ၁၀ ရာခိုင်နှုန်းအထိ တိုးလိုက်တဲ့သတင်းနဲ့လည်း သွားပြီး ကိုက်ညီနေတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာမယ့် iPhone SE 2 ဟာ iPhone 8 လိုမျိုး Design ရှိလာမှာဖြစ်ပြီးတော့ 4.7″ Display ၊ RAM 3GB ၊ 12MP Back Camera နဲ့ 7MP Front Selfie Camera ၊ 1821mAh Battery တွေပါဝင်မယ်လို့ ယူဆရပါတယ်။ Ming-Chi Kuo ကတော့ လာမယ့် ၂၀၂၀ မှာ iPhone SE 2 ပဲ အလုံးရေ သန်း ၃၀ ကနေ သန်း ၄၀ အထိရောင်းချရမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

Ref – Phone Arena