Zawgyi

Apple ကေန လာမယ့္ ၂၀၂၀ ခုႏွစ္အေစာပိုင္းမွာ ေစ်းသက္သာတဲ့ iPhone SE 2 ကို မိတ္ဆက္လာမယ္ဆိုတဲ့သတင္းက အခုဆိုရင္ ေသခ်ာသေလာက္ကို ျဖစ္ေနပါၿပီ။ အခုလည္း အဆိုပါ သတင္းကို ပိုၿပီးေသခ်ာသြားေစတဲ့သတင္းတစ္ခုကို Korea Media ေတြက ေဖာ္ျပခဲ့ပါတယ္။

အခုေဖာ္ျပခ်က္အရ Apple ကေန ေနာက္ထပ္မိတ္ဆက္လာမယ့္ Budget iPhone အတြက္ Display ကို Samsung အစား LG ဆီကေန Supply ရယူသြားမယ္ဆိုၿပီး ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ Apple အေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၆ တုန္းက မိတ္ဆက္ခဲ့တဲ့ iPhone SE ကလြဲၿပီး ဒီၾကားထဲမွာ Budget iPhone ထုတ္ခဲ့တာမရွိတဲ့အတြက္ ဒါက iPhone SE 2 ရဲ႕ သတင္းကို ပိုၿပီးေသခ်ာသြားေစခဲ့တာျဖစ္ပါတယ္။

iPhone SE 2 ဟာ လက္ရွိသိထားတဲ့သတင္းေတြအရေတာ့ ယခင္ iPhone SE လိုမ်ိဳးပဲ ေစ်းႏႈန္းအေနနဲ႔ $399 နဲ႔ စတင္ေရာင္းခ်မွာျဖစ္ၿပီးေတာ့ iPhone 8 နဲ႔ အျပင္ပန္း Design အရတူညီမွာျဖစ္ပါတယ္။ Processor အေနနဲ႔ကေတာ့ Apple ရဲ႕ A13 Bionic Chip ကို သုံးလာမွာျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔ကေတာ့ လက္ရွိ iPhone 11 Series ေတြအတိုင္း စြမ္းေဆာင္ႏိုင္မွာပါ။ RAM အေနနဲ႔ကေတာ့ 3GB ပဲ ပါဝင္မယ္လို႔ သိရပါတယ္။

Apple ဟာ iPhone SE 2 အတြက္ LG ကို လုံးဝတရားဝင္ Display Supplier အေနနဲ႔ မသတ္မွတ္ရေသးေပမယ့္ LG ကပဲ Display ထုတ္ေပးဖို႔ က်ိန္းေသသေလာက္ျဖစ္ေနၿပီလို႔ သိရပါတယ္။ အခု LG က ထုတ္ေပးမယ့္ Display ေတြဟာ OLED အစား LCD Display ေတြပဲျဖစ္တဲ့အတြက္ Samsung ရဲ႕ OLED Display ေတြကိုေတာ့ မယွဥ္ႏိုင္တဲ့ LG က iPhone SE 2 အတြက္ အရည္အေသြးေကာင္းတဲ့ LCD Display ေတြကို ထုတ္လုပ္သြားႏိုင္ဖြယ္ရွိေနပါတယ္။

Ref – Phone Arena

Unicode

Apple ကနေ လာမယ့် ၂၀၂၀ ခုနှစ်အစောပိုင်းမှာ စျေးသက်သာတဲ့ iPhone SE 2 ကို မိတ်ဆက်လာမယ်ဆိုတဲ့သတင်းက အခုဆိုရင် သေချာသလောက်ကို ဖြစ်နေပါပြီ။ အခုလည်း အဆိုပါ သတင်းကို ပိုပြီးသေချာသွားစေတဲ့သတင်းတစ်ခုကို Korea Media တွေက ဖော်ပြခဲ့ပါတယ်။

အခုဖော်ပြချက်အရ Apple ကနေ နောက်ထပ်မိတ်ဆက်လာမယ့် Budget iPhone အတွက် Display ကို Samsung အစား LG ဆီကနေ Supply ရယူသွားမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone SE ကလွဲပြီး ဒီကြားထဲမှာ Budget iPhone ထုတ်ခဲ့တာမရှိတဲ့အတွက် ဒါက iPhone SE 2 ရဲ့ သတင်းကို ပိုပြီးသေချာသွားစေခဲ့တာဖြစ်ပါတယ်။

iPhone SE 2 ဟာ လက်ရှိသိထားတဲ့သတင်းတွေအရတော့ ယခင် iPhone SE လိုမျိုးပဲ စျေးနှုန်းအနေနဲ့ $399 နဲ့ စတင်ရောင်းချမှာဖြစ်ပြီးတော့ iPhone 8 နဲ့ အပြင်ပန်း Design အရတူညီမှာဖြစ်ပါတယ်။ Processor အနေနဲ့ကတော့ Apple ရဲ့ A13 Bionic Chip ကို သုံးလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ လက်ရှိ iPhone 11 Series တွေအတိုင်း စွမ်းဆောင်နိုင်မှာပါ။ RAM အနေနဲ့ကတော့ 3GB ပဲ ပါဝင်မယ်လို့ သိရပါတယ်။

Apple ဟာ iPhone SE 2 အတွက် LG ကို လုံးဝတရားဝင် Display Supplier အနေနဲ့ မသတ်မှတ်ရသေးပေမယ့် LG ကပဲ Display ထုတ်ပေးဖို့ ကျိန်းသေသလောက်ဖြစ်နေပြီလို့ သိရပါတယ်။ အခု LG က ထုတ်ပေးမယ့် Display တွေဟာ OLED အစား LCD Display တွေပဲဖြစ်တဲ့အတွက် Samsung ရဲ့ OLED Display တွေကိုတော့ မယှဥ်နိုင်တဲ့ LG က iPhone SE 2 အတွက် အရည်အသွေးကောင်းတဲ့ LCD Display တွေကို ထုတ်လုပ်သွားနိုင်ဖွယ်ရှိနေပါတယ်။

Ref – Phone Arena