Apple ကနေ ပြီးခဲ့တဲ့မေလတုန်းက $399 တန် iPhone SE 2020 ကိုမိတ်ဆက်ခဲ့ပြီး လက်ရှိ ဝယ်ယူနိုင်တဲ့ iPhone တွေထဲမှာ စျေးအသက်သာဆုံးဖြစ်သလို iPhone 11 Series တွေလိုမျိုးပဲ A13 Bionic Chip ကို ထည့်သွင်းထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းလည်း သိသိသာသာကို ကောင်းနေပါတယ်။

ဒါပေမယ့်လည်း Camera ပိုင်းမှာတော့ iPhone SE 2020 မှာ 12MP Single Camera ပဲထည့်သွင်းထားပြီးတော့ အခုလည်း Camera ပိုင်းကို စစ်ဆေးတဲ့ DxOMark ကနေ Camera စွမ်းဆောင်ရည်စစ်ဆေးထားတဲ့ ရမှတ်ကို ထုတ်ပြန်ခဲ့ပါတယ်။

DxOMark ကနေ ထုတ်ပြန်ချက်အရတော့ iPhone SE 2020 ဟာ DxOMark မှာ စုစုပေါင်း ၁၀၁ မှတ်ရရှိခဲ့ပြီးတော့ Selfie Camera အနေနဲ့ကတော့ ၈၃ မှတ်ရရှိခဲ့ပါတယ်။ 12MP Single Back Camera က Photo ပိုင်းမှာ ၁၀၃ မှတ်ရရှိခဲ့ပြီးတော့ Video ပိုင်းမှာတော့ ၉၈ မှတ်ရရှိခဲ့တယ်လို့ သိရပါတယ်။

iPhone SE 2020 ဟာ ပုံမှန်ရိုက်ကူးတဲ့ဓါတ်ပုံတွေမှာတော့ iPhone 11 နဲ့ ဆင်တူတဲ့ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပေမယ့် Single Camera Setup ကြောင့် Zoom နဲ့ Bokeh Shot တွေမှာ အားနည်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Ultrawide Camera ပါဝင်ခြင်းမရှိတာကလည်း အားနည်းချက်တစ်ခုလို့ပြောရမှာပါ.

ဒီလိုမျိုး စုစုပေါင်း ၁၀၁ မှတ်ရရှိခဲ့တဲ့အတွက် iPhone X နဲ့ Pixel 3a လိုမျိုး ဖုန်းတွေနဲ့ရမှတ်တူညီပေမယ့် Redmi K20 Pro ရဲ့ ရမှတ်ဖြစ်တဲ့ ၁၀၂ မှတ်နဲ့ယှဥ်ရင်တော့ အနည်းငယ်အားနည်းတယ်လို့ပြောရမှာပါ။

Ref – Gizmo China