Apple ဟာ iPhone ထုတ်လုပ်မှုတွေကို အိန္ဒိယနိုင်ငံမှာ ပိုပြီးလုပ်ဆောင်နိုင်ဖို့ ခြေလှမ်းတွေကို အရှိန်မြှင့်နေပြီလို့ ပြောလို့ရပါတယ်။ အိန္ဒိယမြေမှာ တပ်ဆင်ထုတ်လုပ်တာဟာ ထုတ်လုပ်မှုကို ပိုပြီးတော့ တွင်ကျယ်စေသလို၊ ဒေသတွင်းဈေးကွက်အတွက် အခွန်ပေးဆောင်ရာမှာလည်း လျော့နည်းသွားတဲ့ အကျိုးအမြတ်တွေ ရရှိမှာ ဖြစ်ပါတယ်။

Made in India iPhone ဆိုတာနဲ့ iPhone 6s ကို အရင်ဆုံး သတိရကြမယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက iPhone SE ပထမဆုံးမျိုးဆက်ကို အိန္ဒိယနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ခဲ့တာပါ။ iPhone 6s မော်ဒယ်သစ်တွေကိုတော့ ၂၀၁၈ ခုနှစ် အစောပိုင်းမှာမှ အိန္ဒိယစက်ရုံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Apple နဲ့ Foxconn တို့ဟာ အရည်အသွေးမြင့် iPhone တွေကိုပါ အိန္ဒိယစက်ရုံမှာ ထုတ်လုပ်လာဖို့ ကြိုးစားနေပြီး iPhone 7, iPhone XR နဲ့ မကြာသေးခင်က iPhone 11 စတာတွေလည်း ပါဝင်လာပါတယ်။ အခုတော့ iPhone SE (2020) ကိုလည်း အိန္ဒိယစက်ရုံမှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ဒီအကြောင်းကို Apple ကိုယ်တိုင်က ဒေသတွင်းမှာ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

ဒုတိယမျိုးဆက် iPhone SE ဟာ Apple Days အရောင်းပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခုတော့ ဒေသတွင်းမှာပဲ ထုတ်လုပ်ထားတာကြောင့် လက်ရှိဈေးနှုန်း INR 35,999 (၆ သိန်း ၆ သောင်းဝန်းကျင်) ထက် သိသိသာသာ ကျဆင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။ ကပ်ရောဂါရဲ့ ဖိစီးနှောင့်ယှက်မှုတွေရှိနေပေမယ့် ဒီဟန်းဆက်တွေဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း အရောင်းဆိုင်တွေဆီ ရောက်ရှိမယ်လို့လည်း မျှော်လင့်ရပါတယ်။

Ref: GSM Arena