Apple ကနေ မကြာသေးခင်တုန်းက iPhone SE အသစ်ကို မိတ်ဆက်ခဲ့ပြီး လက်ရှိ iPhone 11 Series မှာသုံးထားတဲ့ A13 Bionic Chip ကို $399 နဲ့စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ စျေးအသက်သာဆုံး iPhone တစ်လုံးဖြစ်လာတယ်လို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့် Apple ရဲ့ တရားဝင်ကြေညာချက်မှာတော့ အဆိုပါ iPhone SE ရဲ့ RAM နဲ့ Battery Capacity ကို အတိအကျကြေညာသွားခြင်းမရှိပါဘူး။ အဲ့ဒီအတွက် iPhone 8 Design အတိုင်းထုတ်ထားတာကြောင့် iPhone 8 နဲ့တူညီမယ်လို့ပဲ ယူဆခဲ့ကြတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ China Telecom ရဲ့ 4G Terminal Database အရ iPhone SE အသစ်ရဲ့ RAM နဲ့ Battery Capacity ကို သိလာရပြီဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ iPhone 11 Series ထက် 1GB ပိုနည်းတဲ့ RAM 3GB ပဲပါဝင်မှာဖြစ်ပြီး Battery အနေနဲ့ကတော့ iPhone 8 နဲ့အတူတူဖြစ်တဲ့ 1812mAh Battery ပါဝင်မှာပါ။ iPhone 8 နဲ့ Battery ပမာဏတူညီတယ်ဆိုပေမယ့်လည်း A13 Bionic Chip ကြောင့် Battery စားပိုသက်သာနိုင်ပါတယ်။

Apple ရဲ့ တရားဝင်ပြောကြားချက်မှာတော့ iPhone SE အသစ်ဟာ Video Playback အနေနဲ့ ၁၃ နာရီဆက်တိုက် အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပြီး Built-in 5W Charger အပြင် 18W Fast Charging နဲ့ Wireless Charging တွေကိုပါ Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။

Ref – Gizmo China