[Unicode]

Apple ဟာ iPhone 11 တွေကိုမိတ်ဆက်ပြီးတဲ့နောက် တရုတ်နိုင်ငံဈေးကွက်ကို ဖြန့်ချိခဲ့ရာမှာ အစပိုင်းအချိန်ကာလတွေမှာ ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်။ ဒါဟာ Apple အတွက် လွန်ခဲ့တဲ့ ၁၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် အခြေအနေကောင်းတစ်ရပ်ကို ပြန်လည်ရရှိခဲ့တာပါ။

ဒါပေမယ့်လည်း iPhone 11 ရဲ့ တရုတ်ပြည်ဈေးကွက်အတွင်း အခြေအနေကောင်းဟာ တိုတောင်းတဲ့အချိန်ကာလတစ်ခုပဲ ဖြစ်ခဲ့ကြောင်း လေ့လာဆန်းစစ်မှုတစ်ခုက ဖော်ပြခဲ့ပါတယ်။ Matt Cabral ရဲ့လေ့လာဆန်းစစ်မှုအရ အောက်တိုဘာလတစ်လျှောက် တရုတ်ပြည်ဈေးကွက်ထဲကို iPhone တင်ပို့ရောင်းချမှုဟာ နှစ်အလိုက်အရ 10.3 ရာခိုင်နှုန်း ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။

နိုဝင်ဘာလထဲမှာတော့ iPhone တင်ပို့ရောင်းချရမှုဟာ 35.4 ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာကြောင့် အခုလိုဆက်တိုက်ကျဆင်းလာမှုဟာ စိုးရိမ်ဖွယ်စောင့်ကြည့်ရမယ့် အနေအထားလို့ ဆိုရမှာပါ။ Rosenblatt က လေ့လာသုံးသပ်သူ Jun Zhang ရဲ့ပြောဆိုမှုအရ Apple ဟာ iPhone 11 Pro နဲ့ iPhone 11 Pro Max ထုတ်လုပ်မှုကို လက်ရှိသုံးလပတ်မှာ ၂၅ ရာခိုင်နှုန်းထိ လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၈ အားလပ်ရက်ရာသီမှာလည်း တရုတ်နိုင်ငံဈေးကွက်အတွင်း ဆိုးရွားတဲ့ရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါကြောင့် ရောင်းအားပြန်တက်လာဖို့ မျှော်လင့်နေတဲ့ အမေရိကန်ကုမ္ပဏီကြီးအတွက် နောက်ထပ်စိတ်ပျက်စရာ ရလဒ်တွေမကြုံတွေ့ရဖို့ ရုန်းကန်လာရဖွယ် ရှိနေတာပါ။

Apple အနေနဲ့ လာမယ့် ၂၀၂၀ မှာ 5G iPhone တွေ ထုတ်လုပ်ရောင်းချပြီး ကုမ္ပဏီရဲ့ ဈေးကွက်ဝေစု လျော့ကျလာခြင်းကို ပြန်လည်ကုစားဖို့ကြံစည်နေပေမယ့် လေ့လာဆန်းစစ်သူအချို့ကတော့ လာမယ့်နှစ် 5G iPhone တွေကလည်း ထင်သလောက် ရောင်းအားကောင်းမှာမဟုတ်ဘူးလို့ အကဲဖြတ်သုံးသပ်ထားကြပါတယ်။

Ref: Phone Arena

[Zawgyi]

ႏိုဝင္ဘာလအတြင္း တ႐ုတ္ႏိုင္ငံေဈးကြက္ကို iPhone တင္ပို႔ေရာင္းခ်မႈ သိသိသာသာေလ်ာ့နည္းခဲ့တဲ့ Apple

Apple ဟာ iPhone 11 ေတြကိုမိတ္ဆက္ၿပီးတဲ့ေနာက္ တ႐ုတ္ႏိုင္ငံေဈးကြက္ကို ျဖန႔္ခ်ိခဲ့ရာမွာ အစပိုင္းအခ်ိန္ကာလေတြမွာ ေကာင္းမြန္တဲ့ တုံ႔ျပန္မႈကို ရရွိခဲ့ပါတယ္။ ဒါဟာ Apple အတြက္ လြန္ခဲ့တဲ့ ၁၂ လအတြင္း ပထမဆုံးအႀကိမ္အျဖစ္ အေျခအေနေကာင္းတစ္ရပ္ကို ျပန္လည္ရရွိခဲ့တာပါ။

ဒါေပမယ့္လည္း iPhone 11 ရဲ႕ တ႐ုတ္ျပည္ေဈးကြက္အတြင္း အေျခအေနေကာင္းဟာ တိုေတာင္းတဲ့အခ်ိန္ကာလတစ္ခုပဲ ျဖစ္ခဲ့ေၾကာင္း ေလ့လာဆန္းစစ္မႈတစ္ခုက ေဖာ္ျပခဲ့ပါတယ္။ Matt Cabral ရဲ႕ေလ့လာဆန္းစစ္မႈအရ ေအာက္တိုဘာလတစ္ေလွ်ာက္ တ႐ုတ္ျပည္ေဈးကြက္ထဲကို iPhone တင္ပို႔ေရာင္းခ်မႈဟာ ႏွစ္အလိုက္အရ 10.3 ရာခိုင္ႏႈန္း က်ဆင္းေနခဲ့တာကို ေတြ႕ရပါတယ္။

ႏိုဝင္ဘာလထဲမွာေတာ့ iPhone တင္ပို႔ေရာင္းခ်ရမႈဟာ 35.4 ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့တာေၾကာင့္ အခုလိုဆက္တိုက္က်ဆင္းလာမႈဟာ စိုးရိမ္ဖြယ္ေစာင့္ၾကည့္ရမယ့္ အေနအထားလို႔ ဆိုရမွာပါ။ Rosenblatt က ေလ့လာသုံးသပ္သူ Jun Zhang ရဲ႕ေျပာဆိုမႈအရ Apple ဟာ iPhone 11 Pro နဲ႔ iPhone 11 Pro Max ထုတ္လုပ္မႈကို လက္ရွိသုံးလပတ္မွာ ၂၅ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

Apple ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ အားလပ္ရက္ရာသီမွာလည္း တ႐ုတ္ႏိုင္ငံေစ်းကြက္အတြင္း ဆိုး႐ြားတဲ့ရလဒ္ေတြနဲ႔ ႀကဳံေတြ႕ခဲ့ရဖူးပါတယ္။ ဒါေၾကာင့္ ေရာင္းအားျပန္တက္လာဖို႔ ေမွ်ာ္လင့္ေနတဲ့ အေမရိကန္ကုမၸဏီႀကီးအတြက္ ေနာက္ထပ္စိတ္ပ်က္စရာ ရလဒ္ေတြမႀကဳံေတြ႕ရဖို႔ ႐ုန္းကန္လာရဖြယ္ ရွိေနတာပါ။

Apple အေနနဲ႔ လာမယ့္ ၂၀၂၀ မွာ 5G iPhone ေတြ ထုတ္လုပ္ေရာင္းခ်ၿပီး ကုမၸဏီရဲ႕ ေဈးကြက္ေဝစု ေလ်ာ့က်လာျခင္းကို ျပန္လည္ကုစားဖို႔ႀကံစည္ေနေပမယ့္ ေလ့လာဆန္းစစ္သူအခ်ိဳ႕ကေတာ့ လာမယ့္ႏွစ္ 5G iPhone ေတြကလည္း ထင္သေလာက္ ေရာင္းအားေကာင္းမွာမဟုတ္ဘူးလို႔ အကဲျဖတ္သုံးသပ္ထားၾကပါတယ္။

Ref: Phone Arena