Apple ဟာ ဒီဆောင်းဦးရာသီမှာ တရုတ်နိုင်ငံတွင်း COVID-19 ဖြစ်ပွားမှုကြောင့် သူ့ရဲ့ ထုတ်လုပ်ရေး လုပ်ဖော်ကိုင်ဖက် Foxconn ထိခိုက်လာတဲ့အတွက် iPhone 14 အထူးသဖြင့် Pro နဲ့ Pro Max ထုတ်လုပ်မှုတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုတော့ နောက်ထပ်ခန့်မှန်းချက်တွေထွက်ပေါ်လာတဲ့အတွက် ကုမ္ပဏီရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ၅၂ ပတ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။

နိုဝင်ဘာလမှာ Apple ဟာ ဝယ်လိုအားပြည့်မီစေဖို့အတွက် iPhone 14 Pro device တွေ လုံလောက်စွာထုတ်လုပ်နိုင်မှုအခြေအနေကို တရုတ်မှာ ဘယ်လို ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံတွေ့နေရလဲဆိုတာနဲ့ပတ်သက်ပြီး သုံးစွဲသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အသိပေးခဲ့ပါတယ်။ အခုတော့ TrendForce ဟာ Apple က ၂၀၂၂ ခုနှစ်မျာ iPhone 14 အလုံးရေ ဘယ်လောက်ရောင်းချမယ်ဆိုတာကို ခန့်မှန်းချက်နဲ့ ၂၀၂၃ ခုနှစ်မှာ Apple က ရုန်းကန်ရဦးမယ့် ခန့်မှန်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အစီရင်ခံစာသစ် ထုတ်ပြန်ခဲ့ပါတယ်။

iPhone 14 ထုတ်လုပ်မှုအတွက် တာဝန်ရှိတဲ့ Foxconn စက်ရုံဟာ သူ့ထုတ်လုပ်နိုင်မှုရဲ့ ၇၀% နှုန်းထက်ပိုမထုတ်နိုင်ကြောင်းကို အောက်တိုဘာလကတည်းက TrendForce က ပြောဆိုခဲ့ပါတယ်။ Foxconn ဟာ အခြားအကူအညီကို ရရှိနေပေမယ့်လည်း လုံလောက်မှုတော့ မရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ၂၀၂၂ ခုနှစ်အတွင်း iPhone 14 မော်ဒယ်တွေအားလုံးရဲ့ ခန့်မှန်း စုစုပေါင်း တင်ပို့ရောင်းချမှုဟာ ၇၈.၁ သန်း အဖြစ် ပြုပြင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလက စခဲ့တဲ့ တရုတ်နိုင်ငံတွင်း အလုပ်သမားရှားပါးမှုပြဿနာတွေဟာ ၃၀၂၃ ပထမသုံးလပတ်မှာလည်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ iPhone 14 တင်ပို့ရောင်းချမှုအတွက် သူ့ရဲ့ Q1 2023 ခန့်မှန်းချက်ကို ၄၇ သန်းအထိ လျှော့ချခဲ့ပြီး YoY ဟာ ၂၂ % အထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။

Ref: 9To5Mac