The Piano Guys ဆိုတာကတော့ YouTube မှာ Subscriber ၆ သန်းနီးပါးရှိနေတဲ့ နာမည်ကြီးသီချင်းတွေကို Piano နဲ့ Cello ကိုပဲ အသုံးပြုပြီး ပြန်လည် Cover Song အနေနဲ့ တီးခတ်တတ်တဲ့ နာမည်ကြီးအဖွဲ့ဖြစ်ပါတယ်။ အခုအချိန်မှာတော့ The Piano Guys အဖွဲ့က Naill Horan ရဲ့ Flicker အမည်ရှိတဲ့ သီချင်းကို ပြန်လည် Cover ပြုလုပ်ပြီး YouTube ပေါ်တင်ခဲ့ပါတယ်။ အဆိုပါ Music Video ရဲ့ ထူးခြားချက်ကတော့ MTV တစ်ခုလုံးကို Apple ရဲ့ နောက်ဆုံးထွက် iPhone X နဲ့ ရိုက်ကူးသွားတာပဲဖြစ်ပါတယ်။

အခု Music Video က Silhouetted Style – အမှောင်ရိပ်နဲ့ မြူခိုးငွေ့တွေကို အသားပေးပြီး ရိုက်ကူးထားခြင်းဖြစ်ပြီး သာမန် စမတ်ဖုန်းနဲ့ ရိုက်ကူးဖို့မလွယ်လောက်တဲ့ iPhone X ရဲ့ Low Light Video ရိုက်ကူးနိုင်စွမ်းကိုတွေ့မြင်ခဲ့ရပါတယ်။

နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ The Piano Guys အဖွဲ့သားတွေက ယခု Video အတွက် ၂၄ နာရီပဲ အချိန်ပေးခဲ့တာဖြစ်ပြီးတော့ ယခုဗီဒီယိုကိုလည်း ၁ နာရီထဲနဲ့ အပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ကဲ… The Piano Guys ရဲ့ Flicker Cover လေးနားထောင်ရင်း iPhone X ရဲ့ ဗီဒီယိုပိုင်းစွမ်းဆောင်ရည်ကို ကြည့်လိုက်ရအောင်လား…