[Zawgyi]

Apple ရဲ႕ iPhone XR ေတြ စေရာင္းေတာ့မယ့္အခ်ိန္မွာ ထြက္လာတဲ့သတင္းေလးကေတာ့ ရွယ္ပါပဲ။ iPhone XS နဲ႔ XS Max တို႔နဲ႔ ယွဥ္စရာေတာ့မဟုတ္ေပမယ့္ $250 ေလာက္ ပိုသက္သာတဲ့ iPhone XR အေနနဲ႔ XS တို႔မွာရတဲ့ Feature ေတြနီးပါးေလာက္ရႏုိင္တာ တကယ္ေတာ့့ (Built Quality ကိုထည့္မစဥ္းစားဘူးဆိုရင္) မက္ေလာက္စရာပါ။

iPhone ကို ေစ်းသက္သက္သာသာနဲ႔ ကိုင္ခ်င္တဲ့သူေတြအဖို႔ေတာ့ iPhone XR က ၂၀၁၈ အတြက္ ေရြးခ်ယ္စရာတစ္ခုျဖစ္လာပါျပီ။

$749 ပဲရိွတဲ့ iPhone XR မွာ iPhone XS ေတြမွာလိုပဲ အရမ္းျမန္ပါတယ္ဆိုတဲ့ A12 Bionic Chip ကို သံုးထားတာပါပဲ။ ဒီလို XR ဖုန္းက္ကို Samsung ရဲ႕ လက္ရိွအေကာင္းဆံုးဆိုတဲ့ Note 9 နဲ႔ Benchmark အမွတ္ခ်င္း  ယွဥ္ၾကည့္တ့ဲအခါမွာေရာ?

Geekbench 4 မွာ Multi-core  နဲ႔ Single-Core Score ေတြကို ၾကည့္လိုက္တဲ့အခါမွာ iPhone XR က 11081 (Multicore) , 4793 (SingleCore) မွတ္ေတာင္ ရထားပါတယ္။ သူ႔ထက္ &250 ေလာက္ပိုမ်ားတဲ့ Note 9 ကေတာ့ 8765, 2442 ရထားပါတယ္။ S9 တို႔ S9 Plus တို႔ကေတာ့ Note 9 ေလာက္ေတာင္ မမ်ားပါဘူး။ ဆိုေတာ့ $800 ဝန္းက်င္ဖုန္းေတြထဲမွာ XR ေရြးဖို႔ Samsung ေရြးဖို႔ဆိုတာကေတာ့ Android, iOS Fan ေတြနဲ႔လည္း ဆိုင္ေသးတာဆိုေတာ့.

ဘယ္လိုပဲေနေန iPhone XS, XS Max တို႔ကလြဲရင္ XR ရဲ႕ ရမွတ္ကို အမီလိုက္ႏုိင္ၾကဖို႔ ေတာ္ေတာ္လိုဦးမယ္ ထင္ပါတယ္။

Ref: RedmonPie

[Unicode]

Apple ရဲ့ iPhone XR တွေ စရောင်းတော့မယ့်အချိန်မှာ ထွက်လာတဲ့သတင်းလေးကတော့ ရှယ်ပါပဲ။ iPhone XS နဲ့ XS Max တို့နဲ့ ယှဉ်စရာတော့မဟုတ်ပေမယ့် $250 လောက် ပိုသက်သာတဲ့ iPhone XR အနေနဲ့ XS တို့မှာရတဲ့ Feature တွေနီးပါးလောက်ရနိုင်တာ တကယ်တော့ (Built Quality ကိုထည့်မစဉ်းစားဘူးဆိုရင်) မက်လောက်စရာပါ။

iPhone ကို ဈေးသက်သက်သာသာနဲ့ ကိုင်ချင်တဲ့သူတွေအဖို့တော့ iPhone XR က ၂၀၁၈ အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာပါပြီ။

$749 ပဲရှိတဲ့ iPhone XR မှာ iPhone XS တွေမှာလိုပဲ အရမ်းမြန်ပါတယ်ဆိုတဲ့ A12 Bionic Chip ကို သုံးထားတာပါပဲ။ ဒီလို XR ဖုန်းက်ကို Samsung ရဲ့ လက်ရှိအကောင်းဆုံးဆိုတဲ့ Note 9 နဲ့ Benchmark အမှတ်ချင်း  ယှဉ်ကြည့်တဲ့အခါမှာရော?

Geekbench 4 မှာ Multi-core  နဲ့ Single-core Score တွေကို ကြည့်လိုက်တဲ့အခါမှာ iPhone XR က 11081(Multicore) , 4793(SingleCore) မှတ်တောင် ရထားပါတယ်။ သူ့ထက် &250 လောက်ပိုများတဲ့ Note 9 ကတော့ 8765, 2442 ရထားပါတယ်။ S9 တို့ S9 Plus တို့ကတော့ Note 9 လောက်တောင် မများပါဘူး။ ဆိုတော့ $800 ဝန်းကျင်ဖုန်းတွေထဲမှာ XR ရွေးဖို့ Samsung ရွေးဖို့ဆိုတာကတော့ Android, iOS Fan တွေနဲ့လည်း ဆိုင်သေးတာဆိုတော့.

ဘယ်လိုပဲနေနေ iPhone XS, XS Max တို့ကလွဲရင် XR ရဲ့ ရမှတ်ကို အမီလိုက်နိုင်ကြဖို့ တော်တော်လိုဦးမယ် ထင်ပါတယ်။

Ref: RedmonPie