[Zawgyi]

Apple ကေတာ့ ၂၀၁၉ အတြက္ iPhone 11 Series ကို ေၾကညာသြားခဲ့ပါၿပီ။ ေခတ္နဲ႔အညီ ကင္မရာပိုင္းလည္း တိုးျမႇင့္ထားသလို၊ အတြင္းအစိတ္အပိုင္းေတြမွာလည္း တိုးတက္လာတာကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။ iPhone အသစ္ေတြ ထြက္လာတဲ့အခ်ိန္မွာ iPhone ေမာ္ဒယ္အေဟာင္းအခ်ိဳ႕ကို ေဈးႏႈန္းေလွ်ာ့ခ်လိုက္တာလည္း ေတြ႕ျမင္ရၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က Apple ရဲ႕ iPhone ေရာင္းအားကို အေကာင္းဆုံးေထာက္ပံ့ေပးႏိုင္ခဲ့တဲ့ iPhone XR ဟာ လက္ရွိအခ်ိန္မွာ $50 (၇ေသာင္းခြဲ ဝန္းက်င္) ထပ္ၿပီး ေဈးက်သြားတယ္လို႔ သိရပါတယ္။ အလားတူပဲ iPhone 8 လည္း အနည္းနယ္ ေဈးေလ်ာ့က်သြားပါတယ္။ ဒါေၾကာင့္ ဒီ iPhone ေမာ္ဒယ္ႏွစ္မ်ိဳးဟာ iPhone 11 ေတြထြက္လာခ်ိန္မွာ ပိုၿပီးေဈးခ်ိဳသြားတဲ့ iPhone ေတြျဖစ္လာခဲ့ရပါၿပီ။

Apple iPhone XR ဟာ လက္ရွိအခ်ိန္မွာ 64GB အတြက္ $600 (၉ သိန္း ၁ေသာင္းခြဲဝန္းက်င္) ကုန္က်ပါတယ္။ ၿဗိတိန္မွာေတာ့ £630 (၁၁ သိန္း ၉ေသာင္းဝန္းက်င္) ျဖစ္ၿပီး ဥေရာပရဲ႕ အဓိကနယ္ေျမေတြမွာေတာ့ €700 ဝန္းက်င္ (၁၁ သိန္း ၈ေသာင္းဝန္းက်င္) က်သင့္ေနတာကို ေတြ႕ရပါတယ္။ အကယ္၍ iPhone အေဟာင္းနဲ႔ လဲလွယ္မယ္ဆိုရင္လည္း $200 ဝန္းက်င္ (၃ သိန္းဝန္းက်င္) ေလာက္ သက္သာလာဦးမွာပါ။

iPhone 8 ကေတာ့ အေမရိကန္မွာဆိုရင္ $450 (၆ သိန္း ၈ေသာင္းခြဲဝန္းက်င္) က်သင့္ပါတယ္။ ယူေကမွာေတာ့ £480 (၉ သိန္းဝန္းက်င္) လို႔ သိရပါတယ္။ ဥေရာပရဲ႕ အဓိကနယ္ေျမေတြမွာေတာ့ အနိမ့္ဆုံးေဈးႏႈန္းအျဖစ္ €530 ဝန္းက်င္ (၈ သိန္း ၉ေသာင္းဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။ iPhone 8 အတြက္ အေဟာင္းနဲ႔ လဲမယ္ဆိုရင္ေတာ့ $120 (၁ သိန္း ၈ေသာင္းဝန္းက်င္) ေလာက္ပဲ သက္သာမယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

iPhone 11 တွေကိုကြေညာပြီးချိန်မှာ iPhone XR နဲ့ iPhone 8 တို့ ဈေးထပ်ကျလာ

Apple ကတော့ ၂၀၁၉ အတွက် iPhone 11 Series ကို ကြေညာသွားခဲ့ပါပြီ။ ခေတ်နဲ့အညီ ကင်မရာပိုင်းလည်း တိုးမြှင့်ထားသလို၊ အတွင်းအစိတ်အပိုင်းတွေမှာလည်း တိုးတက်လာတာကို တွေ့မြင်ခဲ့ကြရပါတယ်။ iPhone အသစ်တွေ ထွက်လာတဲ့အချိန်မှာ iPhone မော်ဒယ်အဟောင်းအချို့ကို ဈေးနှုန်းလျှော့ချလိုက်တာလည်း တွေ့မြင်ရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Apple ရဲ့ iPhone ရောင်းအားကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့တဲ့ iPhone XR ဟာ လက်ရှိအချိန်မှာ $50 (၇သောင်းခွဲ ဝန်းကျင်) ထပ်ပြီး ဈေးကျသွားတယ်လို့ သိရပါတယ်။ အလားတူပဲ iPhone 8 လည်း အနည်းနယ် ဈေးလျော့ကျသွားပါတယ်။ ဒါကြောင့် ဒီ iPhone မော်ဒယ်နှစ်မျိုးဟာ iPhone 11 တွေထွက်လာချိန်မှာ ပိုပြီးဈေးချိုသွားတဲ့ iPhone တွေဖြစ်လာခဲ့ရပါပြီ။

Apple iPhone XR ဟာ လက်ရှိအချိန်မှာ 64GB အတွက် $600 (၉ သိန်း ၁သောင်းခွဲဝန်းကျင်) ကုန်ကျပါတယ်။ ဗြိတိန်မှာတော့ £630 (၁၁ သိန်း ၉သောင်းဝန်းကျင်) ဖြစ်ပြီး ဥရောပရဲ့ အဓိကနယ်မြေတွေမှာတော့ €700 ဝန်းကျင် (၁၁ သိန်း ၈သောင်းဝန်းကျင်) ကျသင့်နေတာကို တွေ့ရပါတယ်။ အကယ်၍ iPhone အဟောင်းနဲ့ လဲလှယ်မယ်ဆိုရင်လည်း $200 ဝန်းကျင် (၃ သိန်းဝန်းကျင်) လောက် သက်သာလာဦးမှာပါ။

iPhone 8 ကတော့ အမေရိကန်မှာဆိုရင် $450 (၆ သိန်း ၈သောင်းခွဲဝန်းကျင်) ကျသင့်ပါတယ်။ ယူကေမှာတော့ £480 (၉ သိန်းဝန်းကျင်) လို့ သိရပါတယ်။ ဥရောပရဲ့ အဓိကနယ်မြေတွေမှာတော့ အနိမ့်ဆုံးဈေးနှုန်းအဖြစ် €530 ဝန်းကျင် (၈ သိန်း ၉သောင်းဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။ iPhone 8 အတွက် အဟောင်းနဲ့ လဲမယ်ဆိုရင်တော့ $120 (၁ သိန်း ၈သောင်းဝန်းကျင်) လောက်ပဲ သက်သာမယ်လို့ သိရပါတယ်။

Ref: GSM Arena