Zawgyi

iPhone 11 Series အသစ္ေတြမိတ္ဆက္ေတာ့မယ့္အခ်ိန္မွာ Research Company တစ္ခုျဖစ္တဲ့ Canlys ကေန စိတ္ဝင္စားစရာေကာင္းတဲ့ Report တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ဒါကေတာ့ မႏွစ္ စတုတၳ ၃ လပတ္ကေန ယခုႏွစ္ ဒုတိယ ၃ လပတ္အထိ ၉ လစာ iPhone ေတြရဲ႕ ေရာင္းအား Report ပဲျဖစ္ပါတယ္။

အခု Report အရ မႏွစ္တုန္းက Apple ဟာ Q4 2017 ကေန Q2 2018 အထိကို စမတ္ဖုန္းအလုံးေရ ၁၇၁ သန္းေရာင္းခ်ခဲ့ရေပမယ့္ အခု Q4 2018 ကေန Q2 2019 အထိကိုေတာ့ ၁၄၈ သန္းပဲ ေရာင္းခ်ထားခဲ့ရတာပါ။ ဒါက ရာခိုင္ႏႈန္းအေနနဲ႔ ၁၃ ရာခိုင္ႏႈန္းက်ဆင္းတာျဖစ္သလို စမတ္ဖုန္းအလုံးေရ ၃၆ သန္းေလာက္ ပိုနည္းသြားတာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီႏွစ္ iPhone ေတြရဲ႕ ေရာင္းခ်ရမႈမွာေတာ့ iPhone XR က ၃၂ ရာခိုင္ႏႈန္းနဲ႔ ေရာင္းအားအေကာင္းဆုံးေနရာကို ဆက္လက္ရယူထားတာျဖစ္ပါတယ္။ ဒုတိယေနရာမွာ iPhone XS Max က ၁၆ ရာခိုင္ႏႈန္းပဲရွိေနတဲ့အတြက္ iPhone XS Max ထက္ေတာင္ ၂ ဆ ေလာက္ေရာင္းအားေကာင္းေနတာပါ။ က်န္တဲ့ iPhone XS ကေတာ့ ၁၁ ရာခိုင္ႏႈန္းနဲ႔ တျခားေသာ iPhone ေတြကို ဝယ္ယူမႈကေတာ့ ၄၁ ရာခိုင္ႏႈန္းရွိေနခဲ့ပါတယ္။

မႏွစ္တုန္းက ေရာင္းအားအေကာင္းဆုံး iPhone က ေစ်းအႀကီးဆုံးျဖစ္ခဲ့တဲ့ iPhone X ျဖစ္ခဲ့တယ္ဆိုေပမယ့္ ဒီႏွစ္မွာေတာ့ iPhone XR ထြက္လာတဲ့အခ်ိန္မွာ အသုံးျပဳသူေတြက iPhone XS Max ရဲ႕ ေဒၚလာ ၁,၁၀၀ ေစ်းအစား iPhone XR ကိုပဲ ေဒၚလာ ၇၅၀ နဲ႔ ဝယ္ယူေနၾကတဲ့ပုံစံပါပဲ။

ဘာပဲျဖစ္ျဖစ္ အခုထြက္လာမယ့္ iPhone 11 ဖုန္းသစ္ေတြကေရာ Apple ကို iPhone ေရာင္းအားျပန္တက္လာေအာင္စြမ္းေဆာင္ႏိုင္ပ့ါမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref : GSM Arena

Unicode

iPhone 11 Series အသစ်တွေမိတ်ဆက်တော့မယ့်အချိန်မှာ Research Company တစ်ခုဖြစ်တဲ့ Canlys ကနေ စိတ်ဝင်စားစရာကောင်းတဲ့ Report တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ဒါကတော့ မနှစ် စတုတ္ထ ၃ လပတ်ကနေ ယခုနှစ် ဒုတိယ ၃ လပတ်အထိ ၉ လစာ iPhone တွေရဲ့ ရောင်းအား Report ပဲဖြစ်ပါတယ်။

အခု Report အရ မနှစ်တုန်းက Apple ဟာ Q4 2017 ကနေ Q2 2018 အထိကို စမတ်ဖုန်းအလုံးရေ ၁၇၁ သန်းရောင်းချခဲ့ရပေမယ့် အခု Q4 2018 ကနေ Q2 2019 အထိကိုတော့ ၁၄၈ သန်းပဲ ရောင်းချထားခဲ့ရတာပါ။ ဒါက ရာခိုင်နှုန်းအနေနဲ့ ၁၃ ရာခိုင်နှုန်းကျဆင်းတာဖြစ်သလို စမတ်ဖုန်းအလုံးရေ ၃၆ သန်းလောက် ပိုနည်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ် iPhone တွေရဲ့ ရောင်းချရမှုမှာတော့ iPhone XR က ၃၂ ရာခိုင်နှုန်းနဲ့ ရောင်းအားအကောင်းဆုံးနေရာကို ဆက်လက်ရယူထားတာဖြစ်ပါတယ်။ ဒုတိယနေရာမှာ iPhone XS Max က ၁၆ ရာခိုင်နှုန်းပဲရှိနေတဲ့အတွက် iPhone XS Max ထက်တောင် ၂ ဆ လောက်ရောင်းအားကောင်းနေတာပါ။ ကျန်တဲ့ iPhone XS ကတော့ ၁၁ ရာခိုင်နှုန်းနဲ့ တခြားသော iPhone တွေကို ဝယ်ယူမှုကတော့ ၄၁ ရာခိုင်နှုန်းရှိနေခဲ့ပါတယ်။

မနှစ်တုန်းက ရောင်းအားအကောင်းဆုံး iPhone က စျေးအကြီးဆုံးဖြစ်ခဲ့တဲ့ iPhone X ဖြစ်ခဲ့တယ်ဆိုပေမယ့် ဒီနှစ်မှာတော့ iPhone XR ထွက်လာတဲ့အချိန်မှာ အသုံးပြုသူတွေက iPhone XS Max ရဲ့ ဒေါ်လာ ၁,၁၀၀ စျေးအစား iPhone XR ကိုပဲ ဒေါ်လာ ၇၅၀ နဲ့ ဝယ်ယူနေကြတဲ့ပုံစံပါပဲ။

ဘာပဲဖြစ်ဖြစ် အခုထွက်လာမယ့် iPhone 11 ဖုန်းသစ်တွေကရော Apple ကို iPhone ရောင်းအားပြန်တက်လာအောင်စွမ်းဆောင်နိုင်ပ့ါမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : GSM Arena