[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက Apple ဟာ iPhone သစ္ေတြကိုေရာင္းခ်ခဲ့ရာမွာ iPhone XR ရဲ႕ ေရာင္းအားက မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ဘူးျဖစ္ခဲ့ရပါတယ္။ ကာလတိုေရာင္းအားေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ Apple ဟာ iPhone XR အတြက္ ထုတ္လုပ္မႈပမာဏေတြကို ေလွ်ာ့ခ်ပစ္ခဲ့ရပါတယ္။

ဒါေပမယ့္ US မွာေတာ့ ေနာက္ဆုံးသုံးလအတြင္း iPhone XR ရဲ႕ ေရာင္းအားက အေကာင္းဆုံးျဖစ္ေနပါတယ္။ အဆိုပါသုံးလရဲ႕ပထမလမွာ XR ရဲ႕ ေရာင္းအားက iPhone အားလုံးေရာင္းအားရဲ႕ ၃၂ ရာခိုင္ႏႈန္းျဖစ္ခဲ့ၿပီး XS ႏွစ္မ်ိဳးေပါင္း ေရာင္းအားက ၃၅ ရာခိုင္ႏႈန္းျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ၂၀၁၈ ရဲ႕ ေနာက္ဆုံး သုံးလပတ္ေရာင္းအား စာရင္းထြက္ေပၚလာခ်ိန္မွာေတာ့ iPhone XR က ေက်ာ္တက္သြားခဲ့တာပါ။
ေနာက္ဆုံးသုံးလျဖစ္တဲ့ ေအာက္တိုဘာကေန ဒီဇင္ဘာလအတြင္းမွာ XR ရဲ႕ေရာင္းအားက စုစုေပါင္းေရာင္းခ်မႈရဲ႕ ၃၉ ရာခိုင္ႏႈန္းျဖစ္ခဲ့ပါတယ္။ ဒါဟာ ၂၀၁၆ ခုႏွစ္တုန္းက iPhone 7 ၿပီးတဲ့ေနာက္မွာ လူႀကိဳက္အမ်ားဆုံးျဖစ္ခဲ့တာပါ။ iPhone XS နဲ႔ XS Max တို႔ကေတာ့ စုစုေပါင္း ေရာင္းခ်မႈရဲ႕ ၂၆ ရာခိုင္ႏႈန္းပဲ ျဖစ္ခဲ့ရပါတယ္။

iPhone XS ႏွစ္မ်ိဳးလုံးဟာ XR ထက္ အခ်ိန္ပိုေစာၿပီး ေဈးကြက္ထဲကို ေရာက္ရွိခဲ့တာပါ။ ဒီႏွစ္မ်ိဳးထဲမွာမွ XS Max ရဲ႕ေရာင္းအားက XS ႏွစ္ဆေလာက္ ျဖစ္ေနတာကို ေတြ႕ရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သုံးစြဲသူ အမ်ားစုဟာ အေျခခံ Storage ကို အားရေက်နပ္မႈမရွိဘဲ Storage ပိုမ်ားတာကိုပဲ ဝယ္ယူၾကလို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေျခခံ Storage ထက္ ပိုတဲ့ Version ဝယ္မယ္ဆိုရင္ XR ကိုပဲ ပိုၿပီးဝယ္ျဖစ္ၾကတယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

iPhone XR ဟာ US မှာ အရောင်းရဆုံးဖြစ်နေခဲ့

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Apple ဟာ iPhone သစ်တွေကိုရောင်းချခဲ့ရာမှာ iPhone XR ရဲ့ ရောင်းအားက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဖြစ်ခဲ့ရပါတယ်။ ကာလတိုရောင်းအားတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ Apple ဟာ iPhone XR အတွက် ထုတ်လုပ်မှုပမာဏတွေကို လျှော့ချပစ်ခဲ့ရပါတယ်။

ဒါပေမယ့် US မှာတော့ နောက်ဆုံးသုံးလအတွင်း iPhone XR ရဲ့ ရောင်းအားက အကောင်းဆုံးဖြစ်နေပါတယ်။ အဆိုပါသုံးလရဲ့ပထမလမှာ XR ရဲ့ ရောင်းအားက iPhone အားလုံးရောင်းအားရဲ့ ၃၂ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး XS နှစ်မျိုးပေါင်း ရောင်းအားက ၃၅ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ရဲ့ နောက်ဆုံး သုံးလပတ်ရောင်းအား စာရင်းထွက်ပေါ်လာချိန်မှာတော့ iPhone XR က ကျော်တက်သွားခဲ့တာပါ။

နောက်ဆုံးသုံးလဖြစ်တဲ့ အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်းမှာ XR ရဲ့ရောင်းအားက စုစုပေါင်းရောင်းချမှုရဲ့ ၃၉ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်တုန်းက iPhone 7 ပြီးတဲ့နောက်မှာ လူကြိုက်အများဆုံးဖြစ်ခဲ့တာပါ။ iPhone XS နဲ့ XS Max တို့ကတော့ စုစုပေါင်း ရောင်းချမှုရဲ့ ၂၆ ရာခိုင်နှုန်းပဲ ဖြစ်ခဲ့ရပါတယ်။

iPhone XS နှစ်မျိုးလုံးဟာ XR ထက် အချိန်ပိုစောပြီး ဈေးကွက်ထဲကို ရောက်ရှိခဲ့တာပါ။ ဒီနှစ်မျိုးထဲမှာမှ XS Max ရဲ့ရောင်းအားက XS နှစ်ဆလောက် ဖြစ်နေတာကို တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူ အများစုဟာ အခြေခံ Storage ကို အားရကျေနပ်မှုမရှိဘဲ Storage ပိုများတာကိုပဲ ဝယ်ယူကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ Storage ထက် ပိုတဲ့ Version ဝယ်မယ်ဆိုရင် XR ကိုပဲ ပိုပြီးဝယ်ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

Ref: GSMArena