Zawgyi

iPhone XR ေတြရဲ႕ ေရာင္းအားဟာ ေမွ်ာ္မွန္းထားသေလာက္ ရလဒ္မေကာင္းခဲ့တာေၾကာင့္၊ Q4 မွာ iPhone XR ထုတ္လုပ္မႈႏႈန္းထားကို အလုံးေရ ၄သန္းကေန ၅သန္းအထိ ေလွ်ာ့ခ်သြားမယ္လို႔ သိရပါတယ္။

iPhone, iPad ေတြကို ထုတ္လုပ္တပ္ဆင္ေပးေနတဲ့ Foxconn ဟာလည္း iPhone XR ေတြ တပ္ဆင္ဖို႔အတြက္ Production Line ေပါင္း ၆၀အထိ ျပင္ဆင္ထားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ၄၅ လိုင္းပဲ အသုံးျပဳေနရပါတယ္။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ iPhone XR တပ္ဆင္တဲ့ အေရအတြက္ဟာ ေန႔စဥ္ အလုံးေရ ၁သိန္းအထိ ေလ်ာ့က်ေနတာကို ေတြ႕ရမွာပါ။

Apple က ၿပီးခဲ့တဲ့ ၂၀၁၃ခုႏွစ္တုန္းကလည္း အခု iPhone XR လိုမ်ိဴး Budget ဖုန္း အမ်ိဴးအစား ျဖစ္တဲ့ iPhone 5C ကို မိတ္ဆက္ခဲ့ပါေသးတယ္။ iPhone 5C မွာလည္း ထင္ထားသေလာက္ ေရာင္းအားမေကာင္းခဲ့တာေၾကာင့္ မ်ိဴးဆက္သစ္ဖုန္းေတြ ထပ္မထုတ္ႏိုင္ေတာ့ဘဲ iPhone 5C မွာတင္ မ်ိဴးတုန္းသြားခဲ့ပါတယ္။ အခု iPhone XR ေတြလည္း iPhone 5C လိုမ်ိဴး မ်ိဴးတုန္းသြားႏိုင္မလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

ေရာင္းရလြန္းလို႔ တ႐ုတ္ျပည္မွာ ပစၥည္းျပတ္သြားတဲ့ Honor Magic 2

Honor ဟာ Magic 2 ကို ေအာက္တိုဘာလ ၃၁ရက္ေန႔မွာ မိတ္ဆက္ခဲ့ၿပီး၊ ႏိုဝင္ဘာလ ၆ရက္ေန႔မွာ စတင္ေရာင္းခ်ခဲ့တာပါ။ Pre-order ကိုေတာ့ ေအာက္တိုဘာ ၃၁ ကေန ႏိုဝင္ဘာ ၅ရက္ေန႔အထိ လက္ခံခဲ့ရာ စတင္လက္ခံၿပီး ၅မိနစ္အတြင္းမွာပဲ Sold-out ျဖစ္သြားတယ္လို႔ သိရပါတယ္။

Honor Magic 2 ဟာ Rear Camera ၃လုံး၊ Front Facing Camera ၃လုံး၊ Camera Slider, AMOLED Display ေနာက္ၿပီးေတာ့ In-display Fingerprint Sensor နဲ႔ 7nm Kirin 980 SoC ေတြကိုအသုံးျပဳထားၿပီး ေစ်းႏႈန္းကလည္း သင့္တင့္တဲ့ အေနအထားမွာ ရွိတာေၾကာင့္ အခုလိုမ်ိဴး လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတာ ျဖစ္ပါတယ္။

မၾကာေသးခင္ကလည္း Honor Magic 2 ကို ဝယ္ယူအားေပးသူ အရမ္းမ်ားတာေၾကာင့္ တ႐ုတ္ႏိုင္ငံက အဓိက အေရာင္းဆိုင္ႀကီးေတြမွာ ပစၥည္းျပတ္သြားတယ္လို႔ သိရပါတယ္။ Magic 2 ရဲ႕ Base Model ျဖစ္တဲ့ RAM 6GB/ Storage 128GB ဗားရွင္းကို တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၃၇၉၉ ယြမ္ (ျမန္မာေငြ ၈၈၀,၀၀၀ ဝန္းက်င္) ျဖစ္ပါတယ္ ခင္ဗ်ာ။

Ref: gizchina

Unicode

ရောင်းမကောင်းလို့ အလုံးရေ ၅သန်းအထိ လျှော့ထုတ်မယ့် iPhone XR နဲ့ ရောင်းရလွန်းလို့ တရုတ်ပြည်မှာ ပစ္စည်းပြတ်သွားတဲ့ Honor Magic 2

iPhone XR တွေရဲ့ ရောင်းအားဟာ မျှော်မှန်းထားသလောက် ရလဒ်မကောင်းခဲ့တာကြောင့်၊ Q4 မှာ iPhone XR ထုတ်လုပ်မှုနှုန်းထားကို အလုံးရေ ၄သန်းကနေ ၅သန်းအထိ လျှော့ချသွားမယ်လို့ သိရပါတယ်။

iPhone, iPad တွေကို ထုတ်လုပ်တပ်ဆင်ပေးနေတဲ့ Foxconn ဟာလည်း iPhone XR တွေ တပ်ဆင်ဖို့အတွက် Production Line ပေါင်း ၆၀အထိ ပြင်ဆင်ထားခဲ့ပေမယ့် လက်ရှိမှာတော့ ၄၅ လိုင်းပဲ အသုံးပြုနေရပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် iPhone XR တပ်ဆင်တဲ့ အရေအတွက်ဟာ နေ့စဥ် အလုံးရေ ၁သိန်းအထိ လျော့ကျနေတာကို တွေ့ရမှာပါ။

Apple က ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းကလည်း အခု iPhone XR လိုမျိူး Budget ဖုန်း အမျိူးအစား ဖြစ်တဲ့ iPhone 5C ကို မိတ်ဆက်ခဲ့ပါသေးတယ်။ iPhone 5C မှာလည်း ထင်ထားသလောက် ရောင်းအားမကောင်းခဲ့တာကြောင့် မျိူးဆက်သစ်ဖုန်းတွေ ထပ်မထုတ်နိုင်တော့ဘဲ iPhone 5C မှာတင် မျိူးတုန်းသွားခဲ့ပါတယ်။ အခု iPhone XR တွေလည်း iPhone 5C လိုမျိူး မျိူးတုန်းသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

ရောင်းရလွန်းလို့ တရုတ်ပြည်မှာ ပစ္စည်းပြတ်သွားတဲ့ Honor Magic 2

Honor ဟာ Magic 2 ကို အောက်တိုဘာလ ၃၁ရက်နေ့မှာ မိတ်ဆက်ခဲ့ပြီး၊ နိုဝင်ဘာလ ၆ရက်နေ့မှာ စတင်ရောင်းချခဲ့တာပါ။ Pre-order ကိုတော့ အောက်တိုဘာ ၃၁ ကနေ နိုဝင်ဘာ ၅ရက်နေ့အထိ လက်ခံခဲ့ရာ စတင်လက်ခံပြီး ၅မိနစ်အတွင်းမှာပဲ Sold-out ဖြစ်သွားတယ်လို့ သိရပါတယ်။

Honor Magic 2 ဟာ Rear Camera ၃လုံး၊ Front Facing Camera ၃လုံး၊ Camera Slider, AMOLED Display နောက်ပြီးတော့ In-display Fingerprint Sensor နဲ့ 7nm Kirin 980 SoC တွေကိုအသုံးပြုထားပြီး စျေးနှုန်းကလည်း သင့်တင့်တဲ့ အနေအထားမှာ ရှိတာကြောင့် အခုလိုမျိူး လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း Honor Magic 2 ကို ဝယ်ယူအားပေးသူ အရမ်းများတာကြောင့် တရုတ်နိုင်ငံက အဓိက အရောင်းဆိုင်ကြီးတွေမှာ ပစ္စည်းပြတ်သွားတယ်လို့ သိရပါတယ်။ Magic 2 ရဲ့ Base Model ဖြစ်တဲ့ RAM 6GB/ Storage 128GB ဗားရှင်းကို တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ စျေးနှုန်းကတော့ တရုတ်ငွေ ၃၇၉၉ ယွမ် (မြန်မာငွေ ၈၈၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ် ခင်ဗျာ။

Ref:gizchina