Apple ရဲ့ iPhone တွေဟာ ၂၀၁၉ ခုနှစ်လောက်မှာ Triple-Lens Camera ကို သုံးလာနိုင်တယ်ဆိုပြီး လေ့လာဆန်းစစ်သူ တချို့က သုံးသပ် ခန့်မှန်းထားပါတယ်။ ဒါပေမယ့် Camera တွေမှာ Dual Lens အစား Triple Lens တွေကို သုံးနေတာ နည်းနည်းကြာပြီ ဆိုပေမယ့် iPhone မှာ ပါလာနိုင်တဲ့ Triple Lens တွေကတော့ လုပ်ဆောင်ချက်မှာ အနည်းငယ် ကွဲပြားပါလိမ့်မယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်မှာယူနိုင်မယ့် iPhone X ရဲ့ ထူးခြားချက်များ

ခန့်မှန်းချက်တွေ အရတော့ Apple ဟာ သူ့ရဲ့ Triple – Lens Camera ကို 3D Depth – Sensing နဲ့ Augmented Reality (AR) အတွက် သုံးဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Camera မှာပါမယ့် Sensor ၂ ခုဟာ Object ကို မတူညီတဲ့ Angle ကနေ Snap ရိုက်ထားလိုက်ပြီး အဲ့ Snap ၂ ခုကို Object နဲ့ Camera ကြားက Distance တွေကို တွက်ချက်တဲ့ နေရာမှာ သုံးကာ AR အတွက် အသုံးချဖို့ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Apple ဟာ AR အတွက် Lasar-Based System ကိုလည်း လေ့လာစမ်းသပ်နေတယ်လို့ ဆိုပါတယ်။

Source: digit.in

ဒီခန့်မှန်းချက်တွေဟာ Deutsche Securities Analyst ဖြစ်သူ Jialin Lu ရဲ့ Research Note ကနေ ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို Triple-Lens Camera ကို iPhone 12 မှာ မြင်ရမှာလား ဆိုတာတော့ အနည်းငယ် ထပ်စောင့်ကြည့်ရဦးမှာပါ။