iQOO 11 Series ကို ဒီဇင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး iQOO 11 နဲ့ iQOO 11 Pro တို့ ပါလာမှာပါ။ အခုတော့ Ishan Agarwal က အဲဒီ ဖုန်း ၂ လုံးရဲ့ ဓါတ်ပုံတွေနဲ့ iQOO 11 Pro ရဲ့ Specs တချို့ကို မျှဝေလာပါတယ်။

iQOO 11 Pro renders and specs reveal all

iQOO 11 Pro မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး Black, Mint နဲ့ BMW Motorsport Edition ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

iQOO 11 Pro renders and specs reveal all

iQOO 11 Pro မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ၆.၇၈ လက်မ 3200x1440p 144Hz E6 AMOLED မျက်နှာပြင် တပ်ဆင်ထားမှာပါ။ 4,700mAh ဘက်ထရီ၊ 200W Wired နဲ့ 50W Wireless Charging တွေ ထောက်ပံ့ထားမှာ ဖြစ်ပြီး Android 13 မောင်းနှင်ထားမှာပါ။

ကင်မရာအကြောင်းပြောရရင် iQOO 11 Pro မှာ 50MP IMX866 Main , 50MP Ultrawide, 13MP Portrait ကင်မရာတွေကို အနောက်ဘက်မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ ဓါတ်ပုံ ရုပ်ထွက် အရည်အသွေး ကောင်းစေဖို့ Custom V2 Chip တပ်ဆင်ထားပါတယ်။

iQOO 11 မှာ တူညီတဲ့ ဒီဇိုင်းနဲ့ ကင်မရာ Island ထည့်သွင်းထားပေမယ့် မျက်နှာပြင်ပြား တပ်ဆင်ထားပါတယ်။ iQOO 11 မှာ Snapdragon 8 Gen 2 ပါလာမလားဆိုတာ မသိရသေးပါဘူး။ ပေါက်ကြားသတင်းတွေအရ iQOO 11 မှာ 5,000mAh ဘက်ထရီ၊ 120W Charging ပါလာမှာပါ။

ref : gsmarena