ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့တဲ့ iQOO 3 ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီး Flipkart နဲ့ ကုမ္ပဏီရဲ့ တရားဝင် အိန္ဒိယ ဝက်ဘ်ဆိုက်ကနေ ဝယ်ယူနိုင်ပါတယ်။ 8/128GB မော်ဒယ်ကို ၃၆,၉၉၀ ရူပီးနဲ့ 8/256GB မော်ဒယ်ကို ၃၉,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၁ သောင်းနဲ့ ၇ သိန်း ၇ သောင်းကျသင့်မှာပါ။ 5G ပါတဲ့ 12/256GB မော်ဒယ်ကို ၄၄,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၇ သောင်းလောက်ရှိပါတယ်။

iQOO 3 အတွက် Volcano Orange , Tornado Black နဲ့ Quantum Silver အရောင် ၃ မျိုးထုတ်လုပ်ပေးထားပြီး Volcano Orange အရောင်ကို လက်ရှိမှာ မရောင်းပေးသေးပါဘူး။

iQOO 3 မှာ ၆.၄၄ လက်မ FHD+ Super AMOLED Polar View မျက်နှာပြင် တပ်ဆင်ထားပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားပါတယ်။ Android 10 အခြေပြု iQOO UI ပါလာပါတယ်။

အနောက်ဘက်မှာ 48MP  , 13MP Telephoto (20x Digital Zoom), 13MP Ultrawide / Macro နဲ့ 2MP Depth ကင်မရာတွေ နဲ့ အရှေ့ဘက်မှာ  16MP ကင်မရာတွေ ထည့်သွင်းထားပါတယ်။  55W FlashCharge ပါတဲ့ 4440mAh ဘက်ထရီ ပါလာပြီး ၁၅ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Ref : gsmarena