Qualcomm ကနေ Snapdragon 888 Chipset ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်သလို Xiaomi ကနေလည်း ပထမဆုံးသော Snapdragon 888 Chipset ဖုန်းဖြစ်တဲ့ Mi 11 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Snapdragon 888 စမတ်ဖုန်းကို မိတ်ဆက်လာတော့မှာပါ။

အဆိုပါ Snapdragon 888 ဖုန်းကတော့ Vivo ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ iQOO ကနေ မိတ်ဆက်လာမှာဖြစ်ပြီး iQOO 7 လို့ နာမည်ပေးထားမှာဖြစ်ပါတယ်။ မိတ်ဆက်မယ့်အချိန်ကတော့ လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ Online Event အနေနဲ့ မိတ်ဆက်သွားမှာပါ။

လောလောဆယ်မှာတော့ Design ပိုင်းဘယ်လိုမျိုး ရှိလာမလဲဆိုတာကိုတော့ မသိရသေးပေမယ့်ကျိန်းသေတာကတော့ Qualcomm Snapdragon 888 Chipset ၊ LPDDR5 RAM နဲ့ UFS 3.1 Storage တွေပါဝင်မယ်လို့ သိရပါတယ်။ Antutu Benchmark အနေနဲ့လည်း 752,935 Points အထိ ရရှိထားတဲ့အတွက် လက်ရှိအချိန်မှာ Android ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းပါ ဖြစ်လာနိုင်ပါတယ်။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ iQOO 7 စမတ်ဖုန်းဟာ 120Hz Full HD+ Display ကို အသုံးပြုထားပြီးတော့ Battery အနေနဲ့လည်း 120W Fast Charging ရတဲ့ 4000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း 48MP Primary Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် iQOO 7 စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းမှာ အားရဖို့ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်လာဖို့ကတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – GSM Arena