iQOO 7 ကို ဒီလ ၁၁ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုတော့ Jingdong Mall မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ အဲဒီ ဖုန်းမှာ Snapdragon 888 SoC ပါလာမှာ ဖြစ်သလို LPDDR5 RAM နဲ့ UFS 3.1 Storage ထည့်သွင်းထားမှာပါ။ 120W Fast Charging ပါလာမှာက အရမ်း မိုက်ပြီး ၁၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

iQOO 7

AnTuTu က စာရင်းအရ iQOO 7 မှာ 2400x1080p Resolution မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာပါ။ AnTuTu မှာ ၇၅၂,၉၃၅ မှတ်ရထားပြီး Qualcomm က Snapdragon 888 အတွက် ထုတ်ပေးထားတဲ့ အမှတ်ထက် များနေပါတယ်။ CPU ရမှတ်က ၂၀၀,၆၁၆ နဲ့ GPU ရမှတ်က ၃၄၀,၅၃၉ ဖြစ်ပါတယ်။

IQOO 7

ဒီလ အစောပိုင်းမှာ iQOO က အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေကို ပြသခဲ့ပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 888 SoC ထည့်သွင်းထားမယ်လို့ အတည်ပြုခဲ့ပါတယ်။ iQOO 7 မှာ Vivo ရဲ့ OriginOS အသစ် မောင်းနှင်ထားမှာ ဖြစ်ပြီး 7 Pro အတွက် BMW-branded Version ထွက်လာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး တရုတ်က 3C မှာလည်း 120W Fast Charging ပါလာမယ်လို့ အတည်ပြုထားပါတယ်။

Ref : gizchina