OPPO နဲ့ iQOO တို့ဟာ ဇူလိုင်လအစောပိုင်းတုန်းက သူတို့ရဲ့ စူပါမြန်နှုန်းနဲ့ အားသွင်းနည်းပညာတွေကို ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ ဇူလိုင်လနောက်ဆုံးရက်မှာတော့ ကုမ္ပဏီနှစ်ခုစလုံးဟာ ChinaJoy 2020 မှာ သူတို့ရဲ့ အားသွင်းနည်းပညာအသစ်တွေကို လက်တွေ့ပြသလိုက်ပြီ ဖြစ်ပါတယ်။

ChinaJoy ဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တော်မှာ နှစ်တိုင်းလိုလိုကျင်းပလေ့ရှိတဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေး၊ ပြပွဲနဲ့ ကွန်ဖရင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ အာရှတိုက်ရဲ့ အကြီးဆုံး ဒီဂျစ်တယ်ဖျော် ဖြေရေးနဲ့ ဂိမ်းကွန်ဖရင့်လို့လည်း သိရပါတယ်။ iQOO ကတော့ 120W Ultra-Fast အားသွင်းနည်းပညာကို စီးပွားဖြစ်စတင်မိတ်ဆက်တဲ့ ပထမဆုံးစမတ်ဖုန်းကုမ္ပဏီ ဖြစ်လာပါတယ်။

iQOO ရဲ့ 120W Ultra-Fast အားသွင်းနည်းပညာဟာ 20V /6A ကနေ 20V/3A စီခွဲသွားပြီး ChargePump က 10V/6A စီထွက်စေတာ ဖြစ်ပါတယ်။ 20V/6A ကနေ 5V/12A ဆီ ပြောင်းလဲနိုင်ပြီး ထုတ်လုပ်မှုနယ်ပယ်ထဲက ပထမဆုံး 6C ဘက်ထရီဆီ သွားနိုင်ပါတယ်။ ဗို့အားတစ်ဝက်နဲ့ အားသွင်း Pump နှစ်ခု၊ ဘက်ထရီဆဲလ်နှစ်ခုစီးရီးနဲ့ အခြား နည်းပညာတွေကိုလည်း ပြသခဲ့ပါတယ်။ ဒီနည်းပညာဟာ 4,000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တာလည်း ဖြစ်ပါတယ်။

OPPO ရဲ့ 125 Super Flash Charge နည်းပညာကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့တုန်းက ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒီနည်းပညာကလည်း 5,000mAh ဘက်ထရီကို ၅ မိနစ်အတွင်း ၄၁% အားဝင်အောင် သွင်းနိုင်တဲ့ အထင်ကြီးစရာ စွမ်းဆောင်မှုကို ပြသနိုင်တာ ဖြစ်ပါတယ်။ OPPO 125W Super Flash Charger ဟာ VOOC, SuperVOOC နဲ့ PPS, PD, Quick Charge protocols စတာတွေနဲ့လည်း တွဲဖက်သုံးစွဲနိုင်ပါတယ်။

Ref: Gizmochina