[Unicode]

iQOO က တရုတ်မှာ iQOO Neo 855 Racing Edition ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းဟာ အောက်တိုဘာလက ကြေညာထားတဲ့ iQOO Neo 855 ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ iQOO Neo 855 Racing Edition မှာ ပိုလန်းတဲ့ ပရောက်ဆက်ဆာ ပါလာပြီး 8/128GB မော်ဒယ်ကို ၂,၅၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၅၀,၀၀၀ လောက်ရှိပါတယ်။ 12/128GB မော်ဒယ်ကို ၂,၇၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၉၀,၀၀၀ လောက်ကျသင့်ပါတယ်။

iQOO Neo 855 Racing Edition မှာ ၆.၃၈ လက်မ S-AMOLED Display တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Waterdrop Notch ပါလာပြီး 19.5:9 Aspect Ratio ဖြစ်ပါတယ်။ Full HD+ Resolution ထောက်ပံ့ထားပြီး 1080x2340p Resolution ရှိပါတယ်။ 2.96GHz Octa-core Snapdragon 855+ Chipset မောင်းနှင်ထားပြီး 12GB RAM ပါပါတယ်။ 128GB UFS 3.0 Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Android 9 Pie အခြေပြု FunTouch OS 9 မောင်းနှင်ထားပြီး Monster UI အုပ်ထားပါတယ်။ ဂိမ်းကစားရင် ဖလန်းဖလန်းထစေမယ့် Multi-Turbo Acceleration နည်းပညာ ပါပါတယ်။ Game Box နဲ့ Game Space 2.5 ပါတဲ့အတွက် Gamer တွေ အကြိုက်တွေ့စေမှာပါ။ အရွယ်ကြီး 4,500mAh Battery ပါတဲ့အတွက် ဂိမ်းတွေ အမုန်းဆော့လို့ရမှာပါ။ 33W Fast Charging ကြောင့် အားသွင်းရင် မြန်ဆန်ပြီး Liquid Cooling ပါတဲ့အတွက် အပူချိန် မများအောင် ကူညီပေးပါတယ်။

အနောက်ဘက်မှာ 12MP , 8MP Ultrawide နဲ့ 2MP Camera တွေ ပါပါတယ်။ Selfie ဆွဲဖို့ အတွက် 16MP Camera ထည့်ထားပါတယ်။ HDR, panorama, Super Night Scene 2.0, Professional Mode, AI Scene Detection နဲ့ တခြား ကင်မရာ လုပ်ဆောင်ချက်တွေက အလန်းစား ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Snapdragon 855+ ပါတဲ့ iQOO Neo 855 Racing Edition ကို ေၾကညာ

iQOO က တရုတ္မွာ iQOO Neo 855 Racing Edition ကို ေၾကညာလိုက္ပါတယ္။ အဲဒီဖုန္းဟာ ေအာက္တိုဘာလက ေၾကညာထားတဲ့ iQOO Neo 855 ကို အဆင့္ျမွင့္ထားတာ ျဖစ္ပါတယ္။ iQOO Neo 855 Racing Edition မွာ ပိုလန္းတဲ့ ပေရာက္ဆက္ဆာ ပါလာၿပီး 8/128GB ေမာ္ဒယ္ကို ၂,၅၉၈ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၅၅၀,၀၀၀ ေလာက္ရွိပါတယ္။ 12/128GB ေမာ္ဒယ္ကို ၂,၇၉၈ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၉၀,၀၀၀ ေလာက္က်သင့္ပါတယ္။

iQOO Neo 855 Racing Edition မွာ ၆.၃၈ လက္မ S-AMOLED Display တပ္ဆင္ထားၿပီး Display ေအာက္မွာ လက္ေဗြရာ ကိရိယာျမွပ္ႏွံထားပါတယ္။ Waterdrop Notch ပါလာၿပီး 19.5:9 Aspect Ratio ျဖစ္ပါတယ္။ Full HD+ Resolution ေထာက္ပံ့ထားၿပီး 1080x2340p Resolution ရွိပါတယ္။ 2.96GHz Octa-core Snapdragon 855+ Chipset ေမာင္းႏွင္ထားၿပီး 12GB RAM ပါပါတယ္။ 128GB UFS 3.0 Storage ထည့္သြင္းထားၿပီး microSD Card စိုက္ႏိုင္ပါတယ္။

Android 9 Pie အေျချပဳ FunTouch OS 9 ေမာင္းႏွင္ထားၿပီး Monster UI အုပ္ထားပါတယ္။ ဂိမ္းကစားရင္ ဖလန္းဖလန္းထေစမယ့္ Multi-Turbo Acceleration နည္းပညာ ပါပါတယ္။ Game Box နဲ႔ Game Space 2.5 ပါတဲ့အတြက္ Gamer ေတြ အႀကိဳက္ေတြ႕ေစမွာပါ။ အရြယ္ႀကီး 4,500mAh Battery ပါတဲ့အတြက္ ဂိမ္းေတြ အမုန္းေဆာ့လို႔ရမွာပါ။ 33W Fast Charging ေၾကာင့္ အားသြင္းရင္ ျမန္ဆန္ၿပီး Liquid Cooling ပါတဲ့အတြက္ အပူခ်ိန္ မမ်ားေအာင္ ကူညီေပးပါတယ္။

အေနာက္ဘက္မွာ 12MP , 8MP Ultrawide နဲ႔ 2MP Camera ေတြ ပါပါတယ္။ Selfie ဆြဲဖို႔ အတြက္ 16MP Camera ထည့္ထားပါတယ္။ HDR, panorama, Super Night Scene 2.0, Professional Mode, AI Scene Detection နဲ႔ တျခား ကင္မရာ လုပ္ေဆာင္ခ်က္ေတြက အလန္းစား ဓါတ္ပံုေတြ ရိုက္ကူးေပးႏုိင္ပါတယ္။

Ref : gizmochina