[Zawgyi]

Vivo က ဒီႏွစ္အေစာပိုင္းမွာ iQOO Gaming Series Smartphone ေတြကို စတင္ ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ ပထမဆံုး Snapdragon 855 Chipset ပါတဲ့ iQOO ကို မိတ္ဆက္ခဲ့ပါတယ္။ ၿပီးေတာ့ Snapdragon 855+ ပါတဲ့ iQOO Pro ကို ခ်ျပခဲ့ပါတယ္။ အဲဒီေနာက္မွာ တန္ဖိုးသက္သာၿပီး Snapdragon 845 ပါတဲ့ iQOO Neo  ကို ေၾကညာခဲ့ပါတယ္။ ေနာက္ဆံုးထြက္ထားတာက Snapdragon 855 ပါတဲ့ iQOO Neo 855 ျဖစ္ၿပီး မိတ္ဆက္ထားတာ သိပ္မၾကာေသးပါဘူး။

အခုေတာ့ iQOO Neo 855 အတြက္  Star Trek: Discovery Custom Gift Box Edition ကို ကုမၸဏီက မိတ္ဆက္လိုက္ပါတယ္။ ၁,၇၉၈ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၈၀,၀၀၀ ေလာက္ရွိပါတယ္။ Specs ေတြကေတာ့ မူလ ေမာ္ဒယ္နဲ႔ တူပါတယ္။ iQOO Neo 855 မွာ Qualcomm Snapdragon 855 Chipset ေမာင္းႏွင္ထားၿပီး ပိုျမန္တဲ့ UFS 3.0 ပါလာပါတယ္။ အပူခ်ိန္ေလွ်ာ့ခ်ေပးတဲ့ Liquid Cooling နည္းပညာ၊ 8GB RAM နဲ႔ 256GB Storage ေတြ ထည့္ထားပါတယ္။

iQOO Neo 855 မွာ ၆.၃၈ လက္မ Super AMOLED Display တပ္ဆင္ထားၿပီး Waterdrop Notch ပါပါတယ္။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ပါၿပီး Android Pie အေျချပဳ Funtouch 9 ထည့္ထားပါတယ္။   iQOO Neo 855 မွာ iQOO Neo ထက္ အားသြင္းရင္ ၃၀ ရာခုိင္ႏႈန္း ပိုျမန္တဲ့ 33W Fast Charging ပါလာပါတယ္။ ဘက္ထရီက 4,500mAh ျဖစ္ပါတယ္။   iQOO Neo 855 ဟာ Gaming Smartphone ၁ လံုး ျဖစ္ၿပီး ဂိမ္းကစားရင္ အရမ္းလန္းေစမယ့္ Game Magic Box + Game Space 2.5 ပါလာပါတယ္။

ref : gizmochina

[Unicode]

iQOO Neo 855 အတွက် Star Trek: Discovery Custom Gift Box Edition ထွက်ရှိ

Vivo က ဒီနှစ်အစောပိုင်းမှာ iQOO Gaming Series Smartphone တွေကို စတင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ပထမဆုံး Snapdragon 855 Chipset ပါတဲ့ iQOO ကို မိတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ Snapdragon 855+ ပါတဲ့ iQOO Pro ကို ချပြခဲ့ပါတယ်။ အဲဒီနောက်မှာ တန်ဖိုးသက်သာပြီး Snapdragon 845 ပါတဲ့ iQOO Neo ကို ကြေညာခဲ့ပါတယ်။ နောက်ဆုံးထွက်ထားတာက Snapdragon 855 ပါတဲ့ iQOO Neo 855 ဖြစ်ပြီး မိတ်ဆက်ထားတာ သိပ်မကြာသေးပါဘူး။

အခုတော့ iQOO Neo 855 အတွက် Star Trek: Discovery Custom Gift Box Edition ကို ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ ၁,၇၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၈၀,၀၀၀ လောက်ရှိပါတယ်။ Specs တွေကတော့ မူလ မော်ဒယ်နဲ့ တူပါတယ်။ iQOO Neo 855 မှာ Qualcomm Snapdragon 855 Chipset မောင်းနှင်ထားပြီး ပိုမြန်တဲ့ UFS 3.0 ပါလာပါတယ်။ အပူချိန်လျှော့ချပေးတဲ့ Liquid Cooling နည်းပညာ၊ 8GB RAM နဲ့ 256GB Storage တွေ ထည့်ထားပါတယ်။

iQOO Neo 855 မှာ ၆.၃၈ လက်မ Super AMOLED Display တပ်ဆင်ထားပြီး Waterdrop Notch ပါပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါပြီး Android Pie အခြေပြု Funtouch 9 ထည့်ထားပါတယ်။ iQOO Neo 855 မှာ iQOO Neo ထက် အားသွင်းရင် ၃၀ ရာခိုင်နှုန်း ပိုမြန်တဲ့ 33W Fast Charging ပါလာပါတယ်။ ဘက်ထရီက 4,500mAh ဖြစ်ပါတယ်။ iQOO Neo 855 ဟာ Gaming Smartphone ၁ လုံး ဖြစ်ပြီး ဂိမ်းကစားရင် အရမ်းလန်းစေမယ့် Game Magic Box + Game Space 2.5 ပါလာပါတယ်။

ref : gizmochina