Vivo ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ IQOO ဟာလာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ လက်ရှိမိတ်ဆက်ထားပြီးတဲ့ IQOO 3 စမတ်ဖုန်းထက် စျေးသက်သာမယ့် Version အသစ်ကို မိတ်ဆက်လာမှာပါ။ အဆိုပါ ဖုန်းကိုတော့ IQOO Neo3 လို့ နာမည်ပေးထားတယ်လို့သိရပါတယ်။

အခုလည်း Weibo စာမျက်နှာမှာ အဆိုပါ IQOO Neo3 နဲ့ ပတ်သက်တဲ့သတင်းတစ်ခုပေါက်ကြားလာခဲ့ပြီး ဒါကတော့ အဆိုပါ IQOO Neo3 စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂,၉၉၈ (မြန်မာငွေ ၆ သိန်းခန့်) ပဲကျသင့်မယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး စျေးနှုန်းသတ်မှတ်လိုက်တာက Redmi K30 Pro ရဲ့ တရုတ်ယွမ်ငွေ ၂,၉၉၉ နဲ့ယှဥ်ရင် ယွမ် ၁ ယွမ် တမင်ပိုနည်းအောင် သတ်မှတ်ထားတာလို့ သိရပြီး စျေးအသက်သာဆုံး Snapdragon 865 ဖုန်းအဖြစ် နာမည်ယူဖို့ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Vivo IQOO Neo3 ဖုန်းက Display ပိုင်းမှာ 144Hz Refresh Rate ကိုပါ Support ပြုလုပ်သွားမယ့်အတွက် Redmi K30 Pro ထက်တောင် ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Vivo IQOO Neo3 စမတ်ဖုန်းဟာ တရားဝင်မိတ်ဆက်ဖို့အချိန်အနည်းငယ်လိုသေးတဲ့အတွက် မကြာခင်မှာ နောက်ထပ်သတင်းတွေကိုလည်း ထပ်မံသိလာရဖို့များနေပါတယ်။

Ref – GSM Arena