iQOO က တရုတ်မှာ မေလ ၂၃ ရက်နေ့ Neo 8 Series စမတ်ဖုန်းတွေကို ကြေညာမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက် ဖြစ်တဲ့ iQOO Pad ကိုပါ မိတ်ဆက်မှာပါ။

iQOO Pad is launching on May 23

iQOO က မျှဝေထားတဲ့ Teaser မှာ iQOO Pad ရဲ့ ဒီဇိုင်းကို မြင်ရပြီး vivo Pad2 နဲ့ ဆင်တူပါတယ်။ iQOO Pad ဟာ vivo Pad2 ရဲ့ ဗားရှင်း ၁ ခု ဖြစ်နိုင်ပြီး Dimensity 9000 Chip အစား Dimensity 9000+ ကို အစားထိုးထားမှာ ဖြစ်ပါတယ်။

Mukul Sharma on Twitter: "iQOO Neo 8 series, iQOO Pad, TWS Air Pro launching  on May 23 in China. https://t.co/AuBfDWI07X" / Twitter

iQOO Pad မှာ 12.1” 144Hz LCD 2800x1968p မျက်နှာပြင် ပါလာနိုင်ပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားနိုင်ပါတယ်။ Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားနိုင်ပြီး 44W Wired , 5W Reverse Wired Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါလာနိုင်ပါတယ်။

ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး ပင်မ ကင်မရာက 13MP ဖြစ်နိုင်ပါတယ်။ ပင်မ ကင်မရာကို 2MP Macro နဲ့ အားဖြည့်ထားနိုင်ပါတယ်။ iQOO Pad မှာ နားကြပ်ပေါက် မပါလာနိုင်ဘဲ စတီရီယို စပီကာတွေ ပါလာနိုင်ပါတယ်။

Vivo က Pad2 အတွက် Trackpad ပါတဲ့ ကီးဘုတ် Case နဲ့ဒစ်ဂျစ်တယ် ဘောပင်ကို ရောင်းချပေးထားပြီး အဲဒီ Accessory တွေကို iQOO Pad အတွက် ရောင်းပေးမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena