[Zawgyi]

တရုတ္မွာ မၾကာခင္က iQOO Pro 5G ကို ႀကိဳတင္မွာယူခြင့္ျပဳခဲ့ၿပီး ဒီလ ၂ ရက္ေန႔မွာ စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။ အခုေတာ့ iQOO က ၄ နာရီအတြင္းမွာ အလံုးေရ ၂၀၀,၀၀၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။ ယြမ္ ၄,၀၉၈ ( ျမန္မာေငြ ၈၆၉,၄၆၀ ၀န္းက်င္) ရွိတဲ့ အျမင့္ဆုံး 5G ေမာ္ဒယ္ကိုေတာင္ အလံုးေရ ၅၀,၀၀၀ ေလာက္ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ မေရာင္းခ်ခင္ ကတည္းက စာရင္းေပးသြင္းသူ အရမ္းမ်ားေနခဲ့တာပါ။

Vivo iQOO Pro 5G ကို 4G Model နဲ႔အတူ ၿပီးခဲ့တဲ့လ ၂၂ ရက္မွာ ေၾကညာခဲ့ပါတယ္။ iQOO Pro နဲ႔ iQOO Pro 5G မွာ ၆.၄၁ လက္မ FHD+ Super AMOLED Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အေျချပဳ Vivo Funtouch 9  နဲ႔ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery ေတြ ထည့္ထားပါတယ္။ AI Scene 2.0 , 2.5CM Macro Photography နဲ႔ AI Portrait ေတြ ပါပါတယ္။

iQOO Pro (4G) အတြက္ 8/128GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားၿပီး iQOO Pro 5G အတြက္ 8/128GB , 8/256GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားပါတယ္။  4G နဲ႔ 5G Model ၂ လံုးစလံုးအတြက္ Racing Black နဲ႔ Le Mans Blue အေရာင္ေတြ ထုတ္ထားပါတယ္။ Jovi Assistant , Vivo Pay နဲ႔ WiFi Connections ၂ ခုကို တစ္ၿပိဳင္နက္ခ်ိတ္ဆက္ႏုိင္တဲ့ Turbo Network Acceleration နည္းပညာ ပါပါတယ္။

ref : gizmochina

[Unicode]

တရုတ်မှာ ၄ နာရီအတွင်း အလုံးရေ ၂၀၀,၀၀၀ ကျော်ရောင်းချနိုင်ခဲ့တဲ့ iQOO Pro 5G

တရုတ်မှာ မကြာခင်က iQOO Pro 5G ကို ကြိုတင်မှာယူခွင့်ပြုခဲ့ပြီး ဒီလ ၂ ရက်နေ့မှာ စတင် ရောင်းချပေးလိုက်ပါပြီ။ အခုတော့ iQOO က ၄ နာရီအတွင်းမှာ အလုံးရေ ၂၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ယွမ် ၄,၀၉၈ ( မြန်မာငွေ ၈၆၉,၄၆၀ ဝန်းကျင်) ရှိတဲ့ အမြင့်ဆုံး 5G မော်ဒယ်ကိုတောင် အလုံးရေ ၅၀,၀၀၀ လောက်ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ မရောင်းချခင် ကတည်းက စာရင်းပေးသွင်းသူ အရမ်းများနေခဲ့တာပါ။

Vivo iQOO Pro 5G ကို 4G Model နဲ့အတူ ပြီးခဲ့တဲ့လ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။ iQOO Pro နဲ့ iQOO Pro 5G မှာ ၆.၄၁ လက်မ FHD+ Super AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အခြေပြု Vivo Funtouch 9 နဲ့ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery တွေ ထည့်ထားပါတယ်။ AI Scene 2.0 , 2.5CM Macro Photography နဲ့ AI Portrait တွေ ပါပါတယ်။

iQOO Pro (4G) အတွက် 8/128GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး iQOO Pro 5G အတွက် 8/128GB , 8/256GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပါတယ်။ 4G နဲ့ 5G Model ၂ လုံးစလုံးအတွက် Racing Black နဲ့ Le Mans Blue အရောင်တွေ ထုတ်ထားပါတယ်။ Jovi Assistant , Vivo Pay နဲ့ WiFi Connections ၂ ခုကို တစ်ပြိုင်နက်ချိတ်ဆက်နိုင်တဲ့ Turbo Network Acceleration နည်းပညာ ပါပါတယ်။

ref : gizmochina