[Zawgyi]

iQOO Pro 5G ဟာ Tmall ရဲ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။ အျခား စမတ္ဖုန္းေတြရဲ႕ ေရာင္းအားထက္ ၄၄၅ ရာခုိင္ႏႈန္း ပိုေကာင္းတယ္လို႔ သိရပါတယ္။ Tmall က စကၠန္႔ပိုင္းအတြင္းမွာ ပစၥည္းျပတ္သြားတယ္လို႔ ေၾကညာလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Suning ကလည္း စကၠန္႔ပိုင္းအတြင္းမွာ ပစၥည္းျပတ္သြားတယ္လို႔ ေၾကညာခဲ့ပါတယ္။

iQOO Pro 5G ဟာ ဒီဇိုင္းလွပၿပီး စြမ္းရည္ျမင့္မားတဲ့ အျပင္ ၿပိဳင္ဖက္ 5G Phone ေတြထက္ ေစ်းခ်ိဳပါတယ္။ Vivo ရဲ႕ iQOO Brand အတြက္ ပထမဆံုး 5G Phone ျဖစ္ၿပီး 8/128GB ကို ယြမ္ ၃,၁၉၈ သတ္မွတ္ထားတဲ့အတြက္ ၿပိဳင္ဖက္ 5G Phone ေတြထက္ အရမ္းကို ေစ်းသက္သာေနပါတယ္။ ျမန္မာေငြ ၆၈၀,၀၀၀ ေလာက္ရွိပါတယ္။

iQOO Pro နဲ႔ iQOO Pro 5G မွာ ၆.၄၁ လက္မ FHD+ Super AMOLED Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အေျချပဳ Vivo Funtouch 9  နဲ႔ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery ေတြ ထည့္ထားပါတယ္။ AI Scene 2.0 , 2.5CM Macro Photography နဲ႔ AI Portrait ေတြ ပါပါတယ္။

iQOO Pro (4G) အတြက္ 8/128GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားၿပီး iQOO Pro 5G အတြက္ 8/128GB , 8/256GB နဲ႔ 12/128GB ေတြ ထုတ္လုပ္ထားပါတယ္။  4G နဲ႔ 5G Model ၂ လံုးစလံုးအတြက္ Racing Black နဲ႔ Le Mans Blue အေရာင္ေတြ ထုတ္ထားပါတယ္။ Jovi Assistant , Vivo Pay နဲ႔ WiFi Connections ၂ ခုကို တစ္ၿပိဳင္နက္ခ်ိတ္ဆက္ႏုိင္တဲ့ Turbo Network Acceleration နည္းပညာ ပါပါတယ္။

ref : gizmochina

[Unicode]

Tmall မှာ စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်သွားတဲ့ iQOO Pro 5G

iQOO Pro 5G ဟာ Tmall ရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ အခြား စမတ်ဖုန်းတွေရဲ့ ရောင်းအားထက် ၄၄၅ ရာခိုင်နှုန်း ပိုကောင်းတယ်လို့ သိရပါတယ်။ Tmall က စက္ကန့်ပိုင်းအတွင်းမှာ ပစ္စည်းပြတ်သွားတယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Suning ကလည်း စက္ကန့်ပိုင်းအတွင်းမှာ ပစ္စည်းပြတ်သွားတယ်လို့ ကြေညာခဲ့ပါတယ်။

iQOO Pro 5G ဟာ ဒီဇိုင်းလှပပြီး စွမ်းရည်မြင့်မားတဲ့ အပြင် ပြိုင်ဖက် 5G Phone တွေထက် ဈေးချိုပါတယ်။ Vivo ရဲ့ iQOO Brand အတွက် ပထမဆုံး 5G Phone ဖြစ်ပြီး 8/128GB ကို ယွမ် ၃,၁၉၈ သတ်မှတ်ထားတဲ့အတွက် ပြိုင်ဖက် 5G Phone တွေထက် အရမ်းကို ဈေးသက်သာနေပါတယ်။ မြန်မာငွေ ၆၈၀,၀၀၀ လောက်ရှိပါတယ်။

iQOO Pro နဲ့ iQOO Pro 5G မှာ ၆.၄၁ လက်မ FHD+ Super AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အခြေပြု Vivo Funtouch 9 နဲ့ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery တွေ ထည့်ထားပါတယ်။ AI Scene 2.0 , 2.5CM Macro Photography နဲ့ AI Portrait တွေ ပါပါတယ်။

iQOO Pro (4G) အတွက် 8/128GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး iQOO Pro 5G အတွက် 8/128GB , 8/256GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပါတယ်။ 4G နဲ့ 5G Model ၂ လုံးစလုံးအတွက် Racing Black နဲ့ Le Mans Blue အရောင်တွေ ထုတ်ထားပါတယ်။ Jovi Assistant , Vivo Pay နဲ့ WiFi Connections ၂ ခုကို တစ်ပြိုင်နက်ချိတ်ဆက်နိုင်တဲ့ Turbo Network Acceleration နည်းပညာ ပါပါတယ်။

ref : gizmochina