Zawgyi

မၾကာခင္ထြက္ရွိလာေတာ့မယ့္ Vivo ရဲ႕ IQOO Pro 5G စမတ္ဖုန္းသစ္ဟာ Gaming ဖုန္းနဲ႔ 5G ကို ေပါင္းစပ္လာမယ့္ ပထမဆုံးဖုန္းေတြထဲက တစ္လုံးျဖစ္လာမွာပါ။ ယေန႔မွာ ကုမၸဏီရဲ႕ Weibo အေကာင့္ကေန ဒီဖုန္းမွာ ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္ဆုိတာ တရားဝင္ အတည္ျပဳေပးခဲ့ပါတယ္။

ဒီဖုန္းဟာ လာမယ့္ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ ထြက္ရွိဖို႔ သတ္မွတ္ထားတာျဖစ္ၿပီး မိတ္ဆက္လာမယ့္ အခ်ိန္မွာ အျခား Snapdragon 855+ သုံး စမတ္ဖုန္းအားလုံးထက္ ပိုျမန္ဆန္တဲ့ စြမ္းေဆာင္ရည္ရွိလိမ့္မယ္ လို႔လည္း ၾကြားဝါထားတာ ျဖစ္ပါတယ္။ ဒီလိုျဖစ္လာဖို႔အတြက္ IQOO အဖြဲ႕က ဘယ္လိုလုပ္မလဲဆုိတာ မသိရေသးဘဲ Huawei ရဲ႕ GPU Turbo စနစ္လိုမ်ဳိး ေဆာ့ဝဲလ္ေျပာင္းလဲမႈ တစ္စုံတစ္ခုကို ထည့္သြင္းလာတာမ်ဳိး ျဖစ္ႏုိင္တယ္လို႔ ယူဆရပါတယ္။

တခ်ိန္တည္းမွာပဲ IQOO Pro 5G ဖုန္းဟာ TENAA စာရင္းေပၚကို ေရာက္လာၿပီျဖစ္ကာ က်န္ေသးတဲ့ Spec ေတြကိုလည္း ေဖာ္ျပလာခဲ့ပါၿပီ။ သူ႕ရဲ႕ေရွ႕ဘက္မွာ 6.41” လက္မ AMOLED Display တစ္ခုနဲ႔အတူ In-display Fingerprint ပါဝင္လာမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာေတာ့ 48MP + 13MP + 12MP ဆုိၿပီး Triple-camera အတြဲထည့္သြင္းလာကာ ေရွ႕ဘက္ Selfie ကေတာ့ 12MP သာျဖစ္တာကို ေတြ႕ရပါတယ္။

အတြင္းပိုင္းမွာ Snapdragon 855+ ခ်စ္ပ္ဆက္ကို 12GB RAM / 512GB Storage မန္မုိရီအတြဲနဲ႔ တြဲဖက္အသုံးျပဳထားပါတယ္။ ဖုန္းရဲ႕ကိုယ္ထည္အခ်ဳိးအစားက 158.7 x 75.7 x 9.3 mm ျဖစ္ၿပီး 217 ဂရမ္ အေလးခ်ိန္ရွိမွာျဖစ္ပါတယ္။

ဖုန္းဘကၳရီကေတာ့ 4,410 mAh ျဖစ္ကာ 44W Fast Charging စနစ္ပါမွာမုိ႔ စုိးရိမ္ဖို႔ေတာ့ မလုိပါဘူး။ စက္ႏွင္စနစ္ကေတာ့ အျခားစမတ္ဖုန္းသစ္ေတြလို Android 9 Pie ကိုပဲ သုံးလာဦးမွာပါ။ ဘယ္လိုေတြ ထူးထူးျခားျခား စြမ္းေဆာင္ရည္ျပမလဲ ဆုိတာကိုေတာ့ လာမယ့္ရက္ပုိင္းအတြင္းမွာ ထပ္ျမင္ရဦးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref – GSM Arena

Unicode

မကြာခင်ထွက်ရှိလာတော့မယ့် Vivo ရဲ့ IQOO Pro 5G စမတ်ဖုန်းသစ်ဟာ Gaming ဖုန်းနဲ့ 5G ကို ပေါင်းစပ်လာမယ့် ပထမဆုံးဖုန်းတွေထဲက တစ်လုံးဖြစ်လာမှာပါ။ ယနေ့မှာ ကုမ္ပဏီရဲ့ Weibo အကောင့်ကနေ ဒီဖုန်းမှာ နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ဆက်ကို အသုံးပြုလာမယ်ဆိုတာ တရားဝင် အတည်ပြုပေးခဲ့ပါတယ်။

ဒီဖုန်းဟာ လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ထွက်ရှိဖို့ သတ်မှတ်ထားတာဖြစ်ပြီး မိတ်ဆက်လာမယ့် အချိန်မှာ အခြား Snapdragon 855+ သုံး စမတ်ဖုန်းအားလုံးထက် ပိုမြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိလိမ့်မယ် လို့လည်း ကြွားဝါထားတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် IQOO အဖွဲ့က ဘယ်လိုလုပ်မလဲဆိုတာ မသိရသေးဘဲ Huawei ရဲ့ GPU Turbo စနစ်လိုမျိုး ဆော့ဝဲလ်ပြောင်းလဲမှု တစ်စုံတစ်ခုကို ထည့်သွင်းလာတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

တချိန်တည်းမှာပဲ IQOO Pro 5G ဖုန်းဟာ TENAA စာရင်းပေါ်ကို ရောက်လာပြီဖြစ်ကာ ကျန်သေးတဲ့ Spec တွေကိုလည်း ဖော်ပြလာခဲ့ပါပြီ။ သူ့ရဲ့ရှေ့ဘက်မှာ 6.41” လက်မ AMOLED Display တစ်ခုနဲ့အတူ In-display Fingerprint ပါဝင်လာမှာဖြစ်ပါတယ်။ နောက်ဘက်မှာတော့ 48MP + 13MP + 12MP ဆိုပြီး Triple-camera အတွဲထည့်သွင်းလာကာ ရှေ့ဘက် Selfie ကတော့ 12MP သာဖြစ်တာကို တွေ့ရပါတယ်။

အတွင်းပိုင်းမှာ Snapdragon 855+ ချစ်ပ်ဆက်ကို 12GB RAM / 512GB Storage မန်မိုရီအတွဲနဲ့ တွဲဖက်အသုံးပြုထားပါတယ်။ ဖုန်းရဲ့ကိုယ်ထည်အချိုးအစားက 158.7 x 75.7 x 9.3 mm ဖြစ်ပြီး 217 ဂရမ် အလေးချိန်ရှိမှာဖြစ်ပါတယ်။

ဖုန်းဘက္ထရီကတော့ 4,410 mAh ဖြစ်ကာ 44W Fast Charging စနစ်ပါမှာမို့ စိုးရိမ်ဖို့တော့ မလိုပါဘူး။ စက်နှင်စနစ်ကတော့ အခြားစမတ်ဖုန်းသစ်တွေလို Android 9 Pie ကိုပဲ သုံးလာဦးမှာပါ။ ဘယ်လိုတွေ ထူးထူးခြားခြား စွမ်းဆောင်ရည်ပြမလဲ ဆိုတာကိုတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ ထပ်မြင်ရဦးမယ်လို့ မျှော်လင့်ပါတယ်။

Ref – GSM Arena