iQOO က တရုတ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး Gaming True Wireless နားကြပ်ကို ကြေညာလိုက်ပါတယ်။ iQOO TWS Air လို့ အမည်ပေးထားပြီး နားထဲ ထည့်သွင်း ဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ နားကြပ်နဲ့ Charging Case ဟာ အနက်နဲ့ အဝါရောင်ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပြီး လှပပါတယ်။

iQOO TWS Air earbuds

14.2mm Driver နဲ့ NdFeB Magnetic Circuit System ကို သုံးထားတဲ့အတွက် အသံ အရည်အသွေး မြင့်မားပါတယ်။ အသံကြည်လင်ပြတ်သားစေဖို့နဲ့ ဆူညံမှု လျှော့ချပေးဖို့ Fulid Mechanics Vents တွေကို အသုံးပြုထားပြီး လေဝင်လေထွက် ကောင်းစေပါတယ်။ နားကြပ်ဟာ IP54 စံနှုန်း ပါပြီး ဖုန်နဲ့ ရေမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

iQOO TWS Air with 14.2mm drivers, Bluetooth 5.2 announced

Vivo ရဲ့ Golden Ear Acoustics Lab Tuning နဲ့ DeepX 2.0 Stereo Effect တို့ ပေါင်းစပ်ထားတဲ့အတွက် Bass အားကောင်းသလို Vocal နဲ့ Treble ကြည်လင်ပြတ်သားပါတယ်။ မိုက်ကရိုဖုန်း ၂ လုံး တပ်ဆင်ထားပြီး AI Call Noise Reduction Algorithm ကြောင့် ဖုန်းပြောရင် အသံကြည်လင်ပြတ်သားပါတယ်။ Bluetooth 5.2 နည်းပညာနဲ့ 94ms Low Latency Gaming Mode ပါလာပါတယ်။

နားကြပ် ၁ ခုစီမှာ ၁ ခါအားသွင်းရင် ၄.၈ နာရီ အသုံးခံတဲ့ 29mAh ဘက်ထရီ ပါပါတယ်။ Case မှာ 430mAh ဘက်ထရီ ထည့်သွင်းထားပြီး နားကြပ်နဲ့ ပေါင်းရင် ၂၅ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ Case မှာ USB Type-C Port တပ်ဆင်ထားပြီး ၁၄၀ မိနစ်အားသွင်းရပါတယ်။ နားကြပ်ကို အားအပြည့်သွင်းဖို့ မိနစ် ၆၀ ကြာပါတယ်။

iQOO TWS Air Gaming နားကြပ်ကို ၂၈ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပြီး တရုတ်မှာ ဒီလ ၃၁ ရက်နေ့ ရောင်းမှာပါ။

ref : gizmochina