iQOO က ပြီးခဲ့တဲ့ ဒီဇင်ဘာလက U5 ကို ကြေညာခဲ့ပြီး မတ်လက U5x ကို ချပြခဲ့ပါတယ်။ အခုတော့ iQOO U5e အမည်ရ U5 Series ဖုန်း အသစ် ၁ လုံးကို ကြေညာခဲ့ပါတယ်။ တကယ်တော့ iQOO U5e ဟာ တရုတ်မှာ ရောင်းချထားတဲ့ Vivo Y33e ကို နာမည်ပြောင်းထားတာပါ။

iQOO U5e goes official with Dimensity 700 SoC and 5,000 mAh battery

iQOO U5e မှာ Dimensity 700 SoC မောင်းနှင်ထားပြီး Android 12 အခြေပြု OriginOS Ocean ပါပါတယ်။ 6GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်ပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

iQOO U5e release: Dimensity 700 SoC and 5000mAh battery from ~RM920 |  TechNave

iQOO U5e မှာ ၆.၅၁ လက်မ 60Hz HD+ LCD မျက်နှာပြင် ပါလာပြီး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Macro ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။

18W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်နဲ့ 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။

iQOO U5e အတွက် အရောင် ၂ ရောင် ထုတ်လုပ်ထားပြီး 4/128GB နဲ့ 6/128GB ကို ၁,၃၉၉ ယွမ်နဲ့ ၁,၄၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၈၀,၀၀၀ နဲ့ ၄၁၀,၀၀၀ ဝန်းကျင် အသီးသီး တန်ကြေးရှိပြီး တရုတ်က Vivo Website မှာ စာရင်းတင်ထားပေမယ့် ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

ref : gsmarena