iQOO ဟာ အခုနှစ်အတွင်းမှာ iQOO 3 နဲ့ iQOO Neo 3 တို့လို စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးသားပါ။ ဒါပေမယ့် iQOO Z1x လို့အမည်ပေးထားမယ့် သူတို့အတွက် ပထမဆုံး Mid-range ဟန်းဆက်တစ်ခုကို မကြာခင်အချိန်အတွင်း ထပ်မိတ်ဆက်ဦးမယ်လို့ သတင်းထွက်ထားခဲ့ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီဟာ iQOO Z1x အမည်ကို အခုထိ အတည်မပြုပေးသေးပေမယ့် ယနေ့မှာတော့ တရုတ်ပြည်တွင်းအာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 3C ပလက်ဖောင်းပေါ်ကို မော်ဒယ်နံပါတ် Vivo V2012A နဲ့ ဖုန်းတစ်လုံးရောက်လာပြီး ၎င်းက iQOO Z1x ဖြစ်တယ်လို့ ပြောနေကြပါတယ်။

3C စာရင်းထဲမှာတော့ Vivo V2012A ဟာ 5G ရရှိနိုင်မယ့် ဟန်းဆက်လို့ ဖော်ပြထားပါတယ်။ နောက်ထပ် အချက်အလက်အနေနဲ့ ဒီဖုန်းမှာ 33W အားသွင်းစနစ်ပါဝင်မယ်လို့ သိရပြီး အခြားအချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

Vivo V2012A ဟာ အရင်လတုန်းကလည်း Geekbench ပေါ်မှာမြင်တွေ့ခဲ့ရပြီး Snapdragon 765G ချစ်ပ်ဆက်နဲ့ 8GB RAM တို့ကိုမြင်ခဲ့ရပါတယ်။ Benchmark ပလက်ဖောင်းပေါ်မှာ ဒီဖုန်းဟာ Android 10 OS နဲ့စမ်းသပ်ခံခဲ့တာပါ။

တရုတ်ပြည်တွင်းက Leakster တစ်ယောက်ကလည်း အခုလအစောပိုင်းမှာ iQOO Z1x စမတ်ဖုန်းမှာ Snapdragon 765G နဲ့ ထွက်လာမယ်လို့ ပြောခဲ့ဖူးပြီး iQOO ရဲ့ ပထမဆုံး Mid-range ဖုန်းဟာ အခုလအတွင်း ချိုသာတဲ့ဈေးနှုန်းနဲ့ မိတ်ဆက်လာမယ်လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် 3C ပေါ်မှာ Vivo V2019A စမတ်ဖုန်းကိုလည်း မြင်တွေ့ခဲ့ရကာ 5G နက်ဝပ်အသုံးပြုနိုင်မယ့် Entry-level ဟန်းဆက်တစ်ခုဖြစ်ပါတယ်။ 3C မှာဖော်ပြချက်အရ ဒီဟန်းဆက်ကတော့ 18W အားသွင်းကြိုးနဲ့ဖြစ်ပါတယ်။

Ref – GizmoChina