iQOO Z1x ကို ဒီလ ၉ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Snapdragon 765G SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းမှာ Snapdragon 765G SoC ပါမှာ ဖြစ်ပြီး Dual Mode 5G (SA/NSA) ကို ထောက်ပံ့ထားမယ်လို့ အတည်ပြုလိုက်ပါတယ်။

iQOO က Z1x မှာ 120Hz Refresh Rate ပါလာမှာ ဖြစ်ပြီး မျက်နှာပြင် ညာဘက်ထိပ်မှာ Punch Hole ၁ လုံး ထည့်သွင်းထားမယ်လို့ အရင်က အတည်ပြုထားပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး USB-C Port နဲ့ 3.5mm Headphone Jack ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

iQOO က Z1x ရဲ့ ဓါတ်ပုံတွေကို အရင်က မျှဝေထားခဲ့ဖူးပြီး အဲဒီ စမတ်ဖုန်းရဲ့ ဒီဇိုင်းဟာ Z1 နဲ့ တူပါတယ်။ ဒါပေမယ့် LED Flash ကို ကင်မရာတွေရဲ့ ညာဘက်ဘေးကိုပြောင်းရွှေ့ထားပါတယ်။ iQOO က Z1x ရဲ့ Specs အပြည့်အစုံကို မပြောသေးပေမယ့် အဲဒီဖုန်းရဲ့ Specs အပြည့်အစုံဟာ TENAA မှာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ TENAA က စာရင်းအရ အဲဒီဖုန်းမှာ ၆.၅၇ လက်မ FullHD+ TFT မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ အားလုံးပေါင်း ကင်မရာ ၄ လုံး ထည့်ထားမှာ ဖြစ်ပြီး 16MP ဆဲလ်ဖီး ကင်မရာ၊ 48MP Main နဲ့ 2MP ကင်မရာ ၂ လုံး ပါလာမှာပါ။

ref : gsmarena