iQOO Gaming ဖုန်း အသစ် သတင်းတွေ မကြာခဏ ထွက်နေပြီး iQOO Z1x လို့ နာမည်ပေးထားပါတယ်။ အဲဒီ စမတ်ဖုန်းကို ဒီလ ၉ ရက်နေ့မှာ ကြေညာမယ်လို့ ထင်ရပြီး Specs အများစုလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။

အခုတော့ iQOO က တရားဝင် ဝီဘို အကောင့်ကနေ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံနဲ့ Specs တချို့ကို အသိပေးလိုက်ပါတယ်။ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီပါလာမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် အားသွင်း အမြန်နှုန်းက ဖလန်းဖလန်းထနေမှာဖြစ်သလို ဘက်ထရီ သက်တမ်းကလည်း အရမ်း မိုက်မှာပါ။ ဓါတ်ပုံတွေအရ အဲဒီ စမတ်ဖုန်းဟာ iQOO Z1 နဲ့ များစွာ တူညီနေပြီး အနောက်ကင်မရာ ၃ လုံး၊ ၆.၅၇ လက်မ IPS LCD မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာမှာပါ။

Z1x မှာ Snapdragon 765G Chipset ၊ 6/8GB RAM ပါလာပြီး 256GB Storage အထိ ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပြီး 48MP Main ကင်မရာ ထည့်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena