iQOO Z1x ဟာ အခုရက်ပိုင်းမှာ အမြင်ရဆုံး Leak တစ်ခုဖြစ်ပြီး အခုတော့ တရားဝင် ဝက်ဆိုက်တစ်ခုပေါ်ကို ပထမဆုံး ရောက်ရှိလာခဲ့ပါပြီ။

ဒီဖုန်းဟာ တရုတ်ပြည်တွင်းအာဏာပိုင်ဝက်ဆိုက်တစ်ခုဖြစ်တဲ့ TENAA ပေါ်ကို ကုဒ်နံပါတ် V2012A နဲ့ရောက်ရှိအစစ်ဆေးခံသွားခဲ့ပါတယ်။ သူ့မှာ 5G ထောက်ပံ့မှုပါဝင်ပြီး အချိုးအစားနဲ့ ဘက္ထရီအရွယ်အစားတို့လို အချက်အလက်တွေကိုလည်း ပြသသွားခဲ့တယ်။

iQOO Z1x ဖုန်းမှာ 6.57” Display နဲ့အတူ Dual SIM Slot ပါဝင်ပါတယ်။ ဘက္ထရီအရွယ်အစားကတော့ အနိမ့်ဆုံး 4,880 mAh လို့ဆိုထားတဲ့အတွက် ထွက်ရှိချိန်မှာ 5,000 mAh အဖြစ် မိတ်ဆက်လာနိုင်တယ်။ ကိုယ်ထည်အချိုးအစားက 164.2 x 76.5 x 9.06mm ရှိပြီး Vivo iQOO Z1 ထက် အနည်းငယ်ပိုကြီးပါတယ်။

သတင်းတွေကတော့ ဒီဖုန်းမှာ Snapdragon 765G ချစ်ပ်ဆက်နဲ့ 120Hz Refresh Rate တို့ ပါဝင်လာမယ်လို့ ဆိုနေပါတယ်။ 48MP အဓိကကင်မရာနဲ့ 33W အားသွင်းစနစ်တို့လည်း မြင်တွေ့ရနိုင်ခြေရှိပါတယ်။

Ref – GSMArena